မဖဲဝါသုိက္ စ/ဆုံး
တာေတ
မဖဲဝါသုိက္ (စ/ဆံုး)
**************
မဖဲဝါသုိက္လုိ႕က်ဴပ္ကေျပာလုိက္ေတာ့ သိပ္ကုိအံ့ၾသၾကမွာေပါ့ ၊
မဖဲဝါကဥစၥာေစာင့္မွမဟုတ္တာ
ဘယ္လုိုလုပ္ျပီးသုိက္ရွိမွာတုန္းေပါ့ ။
တကယ္ေတာ့ သခ်ိဳင္းတစ္ရာကိုအပုိင္စားရထားတဲ့
မဖဲဝါၾကီးမွာ သူအပုိင္စားရထားတဲ့ သခ်ိဳင္းေတြထဲကုိ
ေရာက္လာတဲ့ ဥစာမွန္သမ်ွသူပုိင္ျပီးသားဗ်ာ။အားလံုးဟာ
သူပုိင္တဲ့ဥစၥာျဖစ္သြားတာ။က်ဴပ္လည္းအစကမသိပါဘူးဗ်ာ။
ေငြတြင္းကုန္းက ကုိဘပြား။က်ဴပ္ဆီကုိေရာက္လာရာက
စသိခဲ့တာေပါ့၊ ကိုဘပြားနဲ႕က်ဴပ္က နဂုိကတည္းက
ခင္တာဗ်.လူကအရပ္ရွည္ရွည္.ကုိယ္လံုးေတာင့္ေတာင့္
ႏွာတံေပၚေပၚနဲ႕ဥပတိရုပ္ေကာင္းေကာင္းပါပဲ။ဒါေပမယ့္
ကုိဘပြားကသနားဖုိ႕ေကာင္းတယ္ဗ်.
ေငြတြင္းကုန္းသားေတြကသူ႕ကြယ္ရာမွာဆုိ
ႏွာေခါင္းရွံ႕ၾကတယ္.ဘာလို႔လဲဆုိေတာ့
ကုိဘပြားတုိ႔အေဖ
ဦးစံေဖဆုိတဲ့အဖုိးၾကီးကသြက္သြက္ခါေအာင္ရူးေနတာကိုးဗ်။
ကုိဘပြားတုိ႕ကလည္းဒီဇာတိကမဟုတ္ဘူးေလ .
ဘယ္ဇာတိကဆုိတာလည္းဘယ္သူမွတိတိက်က်မသိဘူးဗ်.
ဘယ္ကေျပာင္းလာမွန္းလည္းမသိၾကဘူး။ ေငြတြင္းကုန္းမွာ
ယာကြက္ေတြ ဝယ္ျပီးေျပာင္းလာၾကတာပဲ.ေျပာင္းလာ
ကတည္းက ကုိဘပြားအေဖၾကီးကရူးေနတာဗ်. ကိုဘပြားက
အိမ္ေထာင္မရွိဘူးဗ်။ လူပ်ိဳၾကီး။ သူ႕ညီ ကုိလွပြားက
အိမ္ေထာင္နဲ႕
သားသမီးေတြရွိတယ္.ညီအစ္ကုိေတြအလုပ္ၾကလႊတ္လုပ္ၾကတာဗ်။ ရပ္ေရးရြာေရးဆုိရင္ေတာ့လည္းအျမဲ
ပါၾကတာ.လူခ်စ္လူခင္လည္းေပါပါတယ္။
စိတ္ထားမေကာင္းတဲ့လူေတြကေတာ့ သူတုိ႕ကြယ္ရာမွာ
အရူးစံေဖၾကီးသားေတြ
ဘာညာ နဲ႕ေျပာတာေတာ့ရွိတာေပါ့ဗ်ာ။
အဲ့ဒီေန႕ကေနကလည္းပူေတာ
မန္းက်ည္းပင္ေအာက္က ကြပ္ပ်စ္မွာထုိင္ျပီး အေမခိုင္း
က်ဴပ္ဘယ္မွမသြားဘူး။ထားတဲ့ ေျမပဲဆံထြတ္ေနတယ္။
နဂါးေဆးေပါ့လိပ္ေလးဖြာလိုက္။ေျမပဲဆံေလးထြတ္လုိက္ေပါ့ဗ်ာ.
"ဟ တာေတ အလုပ္ေတြ လႊတ္လုပ္ေနတာကိုး"
ဝုိင္းေပါက္ကအသံၾကားလို႕က်ဴပ္ လွမ္းၾကည့္လို္က္တယ္.
" ဟာ. ကိုဘပြားပါလား။ လာေလဗ်ာ"
မားမားရပ္ေနတဲ့ကုိဘပြားက သူ႕ေခါင္းက ဝါးဖတ္ဦးထုပ္ကုိ
ခြ်တ္ရင္းဝိုင္းထဲဝင္လာတယ္ဗ်။
"တာေတတုိ႕အိမ္က ဒီမန္က်ည္းပင္ၾကီးက
အရိပ္လႊတ္ေကာင္းပါလားကြ"
က်ဴပ္ထုိင္ေနတဲ့ကြပ္ပ်စ္မွာ ကိုဘပြားက
ဝင္ထုိင္ရင္းေျပာလုိက္တယ္.
"ဟုတ္ပ . ဒါ့ထက္ကုိဘပြား
က်ဴပ္တုိ႕ထေနာင္းကုန္းကုိလာခဲပါတယ္ "
"ေအးကြ.တာေတရလာခဲဆုိ
ယာလုပ္ငန္းကတစ္ဖက္.ရပ္ေရးရြာေရးကတစ္ဖက္။
သြက္သြက္ခါေအာင္
ရူးေနတဲ႕အေဖကတစ္ဖက္မုိ႕လားကြာ "
" ဟုတ္တာေပါ့ဗ်ာ.
ကိုဘပြားတုိ႕ညီအစ္ကုိကအေဖၾကီးကိုေတာ္ေတာ္ဂရုစုိက္ၾကတာပါဗ်ာ။ဒါနဲ႕ ဘိုးစံေဖၾကီး
ေနေကာင္းရဲ႕မဟုတ္လား "
"ဆးုံသြားျပီ တာေတရဲ႕ "
"ဗ်ာ ဘယ္တုန္းကလဲ က်ဴပ္ျဖင့္သတင္းမၾကားရပါလားဗ်ာ "
"မေန႕က ရက္လည္တာကြ.
သတင္းမၾကားဆုိရက္လည္းမထားဘူးေလကြာ.အားခ်င္းပဲသျဂိဳဟ္လုိက္တာ "
"အုိ ဘာျဖစ္လုိ႔တုံးဗ် "
" တာေတရ။ရြာထဲက လူတခ်ိဳ႕က
သူတုိ႕ရြာကိုငါတုိ႕ေျပာင္းလာတာ သိပ္မၾကိဳက္ၾကဘူးကြ "
" ဟ ဘာလုိ႕တံုး "
"အေဖက ရူးေနတာကိုးကြ။ သူတုိ႕ရြာကို
အရူးေျပာင္းလာတယ္ဆုိေတာ့ မၾကိဳက္ၾကဘူးကြ။ အခုလည္း
အရူးေသတယ္
ဆုိေတာ့ အေျပာအဆုိရွိတယ္ေလ။ ဒါေၾကာင့္
မထားေတာ့ပဲခ်က္ျခင္း သျဂိဳဟ္လိုက္တာ။ေသမွေတာ့ ထားေနလည္းမထူး
ေတာ့ပါဘူးကြာ "
" ဟုတ္ပါတယ္ ကုိဘပြားရာ။
ခင္ဗ်ားတုိ႕လည္းဒီအေဖၾကီးျပဳစုခဲ့တာ
ႏွစ္ေပါင္းမနည္းေတာ့ပဲကုိ "
" အနွစ္နွစ္ဆယ္တိတိပဲကြ တာေတရ "
ကုိဘပြားလည္းက်ဴပ္မီးညွိျပီးတည္ထားတ႔ဲေဆးေပါ့လိပ္ကုိအားပါးတရဖြာေနတယ္။
" ဒါနဲ႕ကုိဘပြား . ထေနာင္းကုန္းကုိလာတာ
ဘယ္သူ႕အိမ္ကုိတုန္း "
" ဘယ္သူ႕အိမ္ကိုမွ
မဟုတ္ဘူးကြ.မင္းဆီကုိပဲသက္သက္လာတာ. "
" ဟင္.ဟုတ္လား.ကိုဘပြား ဘာကိစၥမ်ားရွိလို႕တုန္း"
"ေအး.ကိစၥကေတာ့နည္းနည္းရွင္းျပမွ မင္းသိမွာကြ"
"ဆုိပါဦး ကိုဘပြားရယ္.ဘာျဖစ္လို႕လဲ"
က်ဴပ္ကေမးလုိက္တယ္.ဒီေတာ့ကုိဘပြားတစ္ခ်က္ေခါင္းျငိမ့္ျပီး
မန္က်ည္းပင္ၾကီးကိုတစ္ခ်က္ေမာ့ၾကည့္တယ္.
"ေအး ဒီလုိကြ။တာေတရ . ငါတုိ႕အေဖၾကီးဦးစံေဖဟာ
တစ္သက္လံုးရူးေနတဲ့အရူးတစ္ေယာက္ဆုိတာ
မင္းလည္းသိတာပဲေလ.
လူေတြအားလံုးလည္းဒီအတုိင္းသိၾကတာေပါ့ကြာ.ဒါပမယ့္
အေဖမေသခင္အိပ္ရာထဲမွာဘုန္းဘုန္းလဲခဲ့တဲ့အခ်ိန္
အရူးေရာဂါေပ်ာက္သြားျပီး ျပန္ေကာင္းသြားၾကတာကုိ
ဘယ္သူမွမသိလုိက္ၾကဘူးကြ"
"ဟင္ ဘၾကီးစံေဖျပန္ေကာင္းသြားတယ္ဟုတ္္လား"
"ေအး.ဟုတ္တယ္ တာေတ"
"ဒါနဲ႕ ဘၾကီးစံေဖက ဘယ္တုန္းကရူးေနတာတုန္း"
" ငါဆယ္နစ္။ဆယ့္တစ္ႏွစ္မွာ ရူးသြားတာကြ"
"ဟင္ ဟုတ္လား ဘၾကီးစံေဖက
အစကဘာအလုပ္လုပ္တာတံုးဗ်"
"ငါေရာ.ငါ့အေမေရာ.ငါတုိ႕တစ္ရြာလံုးသိထားတာက
ကုန္သည္ေပါ့ကြာ .တစ္ခါတစ္ခါ ေအာက္ျပည္
အထိဆင္းျပီးကုန္ေတြေရာင္းတယ္ကြ.ေအာက္ျပည္ကျပန္လာရင္ ငါးပိတို႕ငါးေျခာက္တုိ႕ယူလာျပီးရြာေတြကုိလွည့္
ေရာင္းတယ္ကြ.အိမ္ကယာကေလးနည္းနည္းရွိတာကိုေတာ့
အေမကပဲဦးစီးျပီးလုပ္ရတာ"
" ေၾသာ္ ကိုဘပြားတုိ႕မိသားစု စီးပြားေရးေျပလည္မွာေပါ့ေနာ္"
"လႊတ္ေျပလည္တာေပါ့တာေတရာ.ဒါေပမယ့္ ငါတုိ႔အေဖဟာ
ကုန္သည္မဟုတ္မွန္းကုိ အေဖေသခါနီးမွငါသိလုိက္
ရတာၾက"
" ငင့္ ကိုဘပြားေျပာေတာ့ကုန္သည္ဆို"
"ေအး ကုန္သည္ေတာ့ဟုတ္တယ္ ဒါေပမယ့္ ဟန္ျပအလုပ္ကြ
တကယ္လုပ္တာမဟုတ္ဘူး ဒီလုိကြ အေဖအရူးဘဝနဲ႕
တစ္ေလ်ာက္လံုးမွာ မၾကာခဏေအာ္ေျပာေနတဲ့ လကၤာလုိလုိ
တေဘာင္လုိလုိတစ္ခုရွိတယ္ကြ"
"ဟင္ ဘာမ်ားတုန္းကိုဘပြားရဲ႕"
" ဒီလုိကြာ.ဘာတဲ့ မန္က်ည္းပင္ေျမာက္ ဆယ္လွမ္းေလ်ာက္
စႏိမာကုိေရာက္ စႏိမာေနာက္ ဆယ္လွမ္းေလွ်ာက္
ေအာင္ဗလကိုေရာက္ ေအာင္ဗလေခါင္း ေျခာက္အိမ္ေျပာင္း
ပြဲစားကုိကံေကာင္းတဲ့"
"တိန္ အာ့ ဘာတုန္းဗ် ကုိဘပြားရဲ႕"
"ေအး . ငါ့အေဖ ရူးျပီးေလ်ာက္ေအာ္ေနတဲ့ဟာေလကြာ ရြာက
ကေလးေတြ အကုန္လံုးေတာင္အလြတ္ရေနတာေလ
ၾကားေနၾကဆုိေတာ့ ဘယ္သူမွ
ဂရုမျပဳၾကေတာ့ဘူး.ငါတုိ႕ကုိယ္တုိင္လည္း
ဂရုမျပဳမိေတာ့ဘူးေပါ့"
"ဒါနဲ႕ ဘၾကီးစံေဖကဘယ္လုိေၾကာင့္ရူးသြားတာတုန္း"
"ကုန္ေတြယူျပီးေအာက္ျပည္ကုိသြားေရာင္းတာပဲကြ
ငါ့အေမကလည္းအေဖ့ကိုေသျပီပဲထင္တာ.ႏွစ္ နစ္ေလာက္
ၾကာေတာ့မွ ဘၾကီးစံေငြက မန္းတေလးမွာ
အေဖ့ကုိေတြ႕တာနဲဲ႕ျပန္ေခၚလာတာ.ဘၾကီးစံေငြဆုိတာအေဖ့
အစ္ကုိေပါ့.
အေဖကသြက္သြက္ခါေအာင္ရူးေနတာ.ရြာကိုလံုးဝမျပန္တတ္ေ
တာ့ဘူး ဘၾကီးနဲ႕ေတြ႕လို႕သာ အိမ္ျပန္ေရာက္လာတာ
လူေတြေျပာတာေတာ့
အေဖ့ကုိစုန္းျပဳစားသလုိလုိေပါ့ကြာ.ဒါေပမယ့္
အျဖစ္မွန္ုကိုတုိ႕ညီကို အေဖမေသခင္ေလးသိ
လုိက္ၾကတာ"
"ဆုိစမ္းပါဦးဗ်ာ"
ေဆးလိပ္ကုိဖြားရင္း ကိုဘပြားစကားကုိဆက္တယ္.
"ေအးကြာ မင္းကုိဒီလုိေျပာျပီး
တုိင္ပင္စရာရွိလာေတာ့လည္းေျပာျပရမွာေပါ့တာေတရာ.ဒီလို
ကြ.အေဖမေသခင္ေျပာျပ
တာကသူက ကုန္သည္
အစစ္မဟုတ္ဘူး.ကုန္သည္ေယာင္ေဆာင္ထားတဲ့ ဓားျပတဲ့ကြ"
"ဗ်ာ.ဓါးျပဟုတ္လား.ကုိဘပြား"
" ဟုတ္တယ္တာေတ.အေဖ့မွာအဖြဲ႕ရွွိတယ္တဲ့
အင္မတန္ညီၾကတာတ့.အားလံုး လက္ရဲဇက္ရဲ ရွိသေလာက္
အေနအထုိင္လည္းပိရိၾကတာဆုိပဲ.အျမဲတုိက္ၾကတာမဟုတ္ဘူး
တဲ့ကြ.ေသေသခ်ာခ်ာသတင္းေထာက္လွမ္းျပီး
တစ္ႏွစ္ ႏွစ္ႏွစ္ကုိတစ္ၾကိမ္ပဲတုိက္ၾကတာကြ.သူတုိ႕အဖြဲ႕က
အားလံုးငါးေယာက္ရွိျပီး သူတို႕ဗိုလ္ကေတာ္ေတာ္ထက္ျမတ္
တယ္ဆုိပဲကြ
"ဗ်ာ.ဓါးျပဟုတ္လား.ကုိဘပြား"
" ဟုတ္တယ္တာေတ.အေဖ့မွာအဖြဲ႕ရွွိတယ္တဲ့
အင္မတန္ညီၾကတာတ့ဲအားလံုး လက္ရဲဇက္ရဲ ရွိသေလာက္
အေနအထုိင္လည္းပိရိၾကတာဆုိပဲ.အျမဲတုိက္ၾကတာမဟုတ္ဘူး
တဲ့ကြ.ေသေသခ်ာခ်ာသတင္းေထာက္လွမ္းျပီး
တစ္ႏွစ္ ႏွစ္ႏွစ္ကုိတစ္ၾကိမ္ပဲတုိက္ၾကတာကြ.သူတုိ႕အဖြဲ႕က
အားလံုးငါးေယာက္ရွိျပီး သူတို႕ဗိုလ္ကေတာ္ေတာ္ထက္ျမတ္
တယ္ဆုိပဲကြ"
"ေၾသာ္. ဒီလုိကိုး"
"အဲ့ဒါနဲ႕ တစ္ေန့က်ေတာ့ သူတုိ႕ေတြမိုးကုတ္က
ေက်ာက္တြင္းသူေဌးအိမ္ကုိတုိက္တာ ပတၱျမားေတြေရာ
ေရႊေတြေရာ ေတာ္ေတာ္
ကုိရလာခဲ့တယ္ကြ.သူတုိ႕ဗိုလ္က
ဒါေတြကုိခ်က္ခ်င္းမသံုးဖုိ႔ေျပာသတဲ့။
ဒီေလာက္မ်ားတဲ့ပစၥည္းေတြကုိ ပုလိပ္ဘက္က ေျခရာခ်င္းထပ္
ေအာင္လုိက္မွာပဲ ဆုိတာသူတို႕အားလုံးသိေနၾကတယ္တဲ့။
ဒါနဲ႕ပဲသူတုိ႕အားလံုးတုိင္ပင္ျပီးမႏၱ
ၱေလးကသခ်ိဳင္းတစ္ခုမွာျမွဳပ္ၾကတယ္.
အဲ့ဒီသခ်ိဳင္းထဲက ပြဲစားၾကီးဦးကံေကာင္းရဲ႕ ဂူကုိ ေဖာက္ျပီး
ပစၥည္းထုပ္ကုိထား
ေျခရာလက္ရာမပ်က္ေအာင္ျပန္ပိတ္ခဲ့ဲၾကသတဲ့.အဲ့ဒီ
ေနရာကုိမေမ့ေအာင္ ငါတုိ႕အေဖ ကသူရြတ္ရြတ္ေနတဲ့
လကၤာနဲ႕မွတ္ထားတာေဟ့။ရူးသြားေတာ့ ပါးစပ္ကသာ
ဒီလကၤာကိုရြတ္ေနတာ
ဘာအဓိပၸါယ္မွန္းသူ႕ဘာသာေတာင္္မသိေတာ့ဘူးေပါ့ကြာ။
သူမေသခင္ျပန္ေကာင္းသြားေတာ့မွ
ဒါေတြကုိသတိရျပီးေျပာျပခဲ့တာကြ"
"ေၾသာ္..ဒီလုိကိုး..ဒါနဲ႕ ဘၾကီးစံေဖက
ဘာလုိ႕သြက္သြက္ခါေအာင္ရူးသြားရတာတုန္း"
"အဲ့ဒီညကေပါ့ကြာ.အေဖတုိ႕ငါးေရာက္ ဂူေဖာက္ျပီး
ဂူထဲကုိပစၥည္းထုပ္ထည့္တယ္။ျပီးေတာ့
ဂူပိတ္ၾကတယ္.ျပီးေတာ့မွ သူတုိ႕ဗိုလ္က
ဂူကုိအမွတ္အသားလုပ္သတဲ့။အမွတ္အသားကေတာ့
မန္က်ည္းပင္ေျမာက္ ဆယ္လွမ္းေလ်ာက္ စႏၵိမာကုိေရာက္
စႏၵိမာေနာက္ဆယ္လမ္း
ေလ်ာက္ ေအာင္ဗလကုိေရာက္.ေအာင္ဗလေခါင္း
ေျခာက္အိမ္ေျပာင္း ပြဲစားကုိကံေကာင္း" တဲ့ကြ.
ဆုိလုိတာက
အဲ့ဒီသခ်ိဳင္းထဲမွာပင္စည္လူတစ္ဖက္မကၾကီးတဲ့ထူးထူးျခားျခား
မန္းက်ည္းပင္ၾကီးရွိသတဲ့ . လွမ္းသြားရင္ ဘုန္းၾကီး စႏၵိမာရဲ႕
အုတ္ဂူရွိသတဲ့.အဲ့ဘုန္းၾကီးဂူရဲ႕ အေနာက္ဘက္
ဆယ္လွမ္းအကြာမွာ
ကုိေအာင္ဗလဆုိတဲ့လူရဲ႕ဂူကိုေရာက္မယ္.အဲ့ဒီကုိေအာင္ဗလဂူ
ရဲ႕
ေခါင္းရင္းဘက္ ေျခာက္ဂူေျမာက္မွာ ပြဲစားၾကီးဦးကံေကာင္း ရဲ႕
အုတ္ဂူရွိသတဲ့. အဲ့ဒီဂူထဲမွာ
ပစၥည္းေတြရွိတယ္ဆုိတာကိုအမွတ္အသားလုပ္
ျပီးေခါင္းထဲစြဲေအာင္ မွတ္ၾကတာကြ.ျပီးေတာ့မွသူတုိ႕ငါးေယာက္
ဂူကိုဝုိင္းျပီးေတာ့သစၥာဆုိၾကတယ္.ငါးေယာက္သေဘာတူမွ
ဒီပစၥည္းေတြကုိ
အတူေဖာ္ယူၾကဖုိ႕ေပါ့ကြာ.ဒီလုိနဲ႕သစၥာဆုိေနၾကတုန္းမွာသူတုိ႕
နဲ႕မလွမ္းမကမ္းက
တဟားဟားနဲ႕ရယ္သံၾကီးထြက္လာသတဲ့.အေဖလည္းက်က္သီး
ေတြတဖ်န္းဖ်န္းထကုန္ေရာတဲ့..ဟုိၾကည့္သည္ၾကည့္
ျကည့္ၾကေတာ့အေဖကသြားေတြ႕ေရာတဲ့ေဟ့"
"ဟင္ ဘာကိုတုန္းဗ်"
"အရပ္ၾကီးအရွည္ၾကီးနဲ႕
ဂူၾကီးတစ္လံုးေပၚမွာမားမားၾကီးရပ္ေနတာတဲ့ကြ.ဆံပင္ဖားယားၾကီးခ်ျပီး မ်က္လံုးနီနီၾကီးေတြတဲ့.အေဖကကုန္သည္
ေယာင္ေဆာင္ျပီး
နယ္အႏွံ႕သြားေနေတာ့ၾကားဖူးနားဝရွိတာေပါ့.အဲ့ဒီမွာတင္အေဖ
က တအားေၾကာက္သြားျပီး မဖဲဝါ မဖဲဝါ ဟုိမွာဟုိမွာ ဆုိျပီး
လက္ညွိဳးနဲ႕ထုိးျပတယ္.က်န္တဲ့ေလးေယာက္က
လုိက္ၾကည့္ၾကေပမယ့္မျမင္ၾကဘူးတဲ့ကြ.ဒါေပမယ့္
အေဖေမ့သြားတာတစ္ခုရွိတာက မဖဲဝါကုိေတြ႕
ရင္ လက္ညိွဳးနဲ႕မထုိးရဘူးတဲ့
တာေတေရ...ထုိးရင္သြက္သြက္ခါေအာင္ရူးတယ္ဆုိပဲ"
"ဟာ...ဒါေတာ့မဟုတ္ပါဘူးဗ်ာ.က်ဴပ္လည္းမဖဲဝါကုိေတြ႕ဖူးျပီး
လက္ညွိဳးနဲ႕လည္းထုိးဖူးပါတယ္ဗ်"
"ေအးေလ.မင္းကကံျမင့္ေနလုိ႕ျဖစ္မွာေပါ့ကြာ.အေဖကေတာ့
မင္းသိတဲ့အတုိင္းသြက္သြက္ခါေအာင္ကုိရူးေတာ့တာပဲကြာ"
" ေနပါဦးကုိဘပြားရဲ႕
ဟုိ..က်န္တဲ့ေလးေယာက္ကေကာ.ရူးသြားၾကသလား."
"ဟာ မရူးဘူးကြ.သူတုိ႕ကမဖဲဝါကုိျမင္ၾကတာမွ
မဟုတ္တာ.ဒါေပမယ့္ မဖဲဝါ ဘာလုပ္လုိက္တယ္မသိဘူးေဟ့ .
လူစိတ္ေပ်ာက္ျပီးတစ္ေယာက္နဲ႕
တစ္ေယာက္ဓါးနဲ႕ထုိးၾကတာ
ေလးေယာက္စလံုးေသကုန္ေရာဆုိပဲကြ.မဖဲဝါၾကီးကေတာ့
အဲ့အျဖစ္ကုိၾကည့္ျပီး တဟားဟားနဲ႕ေအာ္ရယ္တာတဲ့ေဟ့.
အေဖလည္းေၾကာက္လန္႕ျပီးထြက္ေျပးလုိက္တာ
ဘယ္ေရာက္လုိ႕ေရာက္သြားမွန္းကိုမသိတာတဲ့ေဟ့.ေနာက္ဆံုး
ေတာ့ဆက္မေျပးနိူ္င္ပဲ.
သတိလစ္ျပီးလဲသြားသတဲ့..သတိလည္းျပန္ရေကာ
ဘာမွမသိေတာ့ပဲသြက္သြက္လည္ေအာင္ရူးေနေတာ့တာေပါ့ကြာ.
"ဟာ ျဖစ္မွျဖစ္ရေလဗ်ာ."
ကုိဘပြားက ေဆးလိပ္ကုိ မီးျပန္ညွိ နွစ္ဖြာေလာက္ဖြာျပီး
စကားဆက္တယ္.
"သူ႕ေရွ႕တင္အေမဆံုးတာလည္းသူမသိဘူး
မင္းတုိ႕အေမမပန္းနူေရာလို႕ေမးတယ္.ဆံုးျပီလုိ႕ေျပာေတာ့ဘ
ယ္တုန္းကလဲ ေမးတယ္.ျပီးေတာ့ သူတို႕ျမွပ္
ထားတဲ့ပစၥည္းေတြက
ေတာ္ေတာ္မ်ားတာလို႕လည္းေျပာတယ္ကြ.ပတၱျမားအရုိင္းေတြ
ေကာ.ေသြးျပီးသားေတြေကာပါတယ္လုိ႕ေျပာတယ္.ဒါေပမယ့္
မသန္႕စင္တဲ့ပစၥည္းေတြမုိ႕လုိ မလုိခ်င္ၾကနဲ႕လုိေျပာတယ္ကြ"
"ဒီအေၾကာင္းေတြကုိကုိလွပြားေကာ သိသလား"
"ဟာ
သိတာေပါ့တာေတရ.တုိ႕ညီအစ္ကုိႏွစ္ေယာက္္လံုးကုိေျပာျပတ
ာေပါ့ကြ."
"အင္း.အခုကုိဘပြား က်ဴပ္ဆီကုိလာတာက ဘာအတြက္တုန္း"
"သခ်ိဳင္းထဲက ဂူထဲမွာ အလဟသျဖစ္ေနတဲ့
ပစၥည္းေတြကုိငါသြားယူခ်င္တယ္ တာေတ.
ျပီးေတာ့ပစၥည္းေတြက သန္႕တယ္ေျပာေျပာမသန္႕ဘူးေျပာေျပာ
ငါ့အေဖ
တစ္သက္လံုးအရူးၾကီးျဖစ္ေအာင္ရင္းႏွိီးလာခဲ့ရတာကြ.ဒီေတာ့
အေဖ့အစားငါသြားယူခ်င္တယ္."
"ကိုလွပြားကေကာ ဘာေျပာတုန္း"
"လွပြားကေတာ့ဖ်က္တာေပါ့ကြာ မသန့္စင္တဲ့ပစၥည္း
ဘာညာေပါ့
သူကအားၾကီးရိုးတာကြ.ျပီးေတာ့သိပ္ေၾကာက္တတ္တာ.ဒါေပမ
ယ့္ငါက ဒီကိစၥကုိစိတ္အား
ထက္သန္ေနေတာ့သူမဖ်က္ေတာ့ပါဘူးကြာ.ဒါေပမယ့္
အစ္ကုိတစ္ေယာက္တည္းေတာ့မသြားနဲ႕တဲ့
သူလည္းလို္က္မယ္ေျပာတယ္.ျပီးေတာ့ အေတြ႕အၾကံဳမ်ား
တဲ့မင္းကုိလည္း
အက်ိဳးအေၾကာင္းေျပာျပီးပါေအာင္ေခၚခဲ့ပါလုိ႕ေျပာတယ္
တာေတေရ.ဒါ့ေၾကာင့္မင္းဆီကုိငါလာခဲ့တာကြ"
"ေၾသာ္ ဒီလုိလား"
" ကိုဘပြားစကားဆံုးမွပဲ က်ဴပ္ဇာတ္ရည္လည္ေတာ့တာဗ်ိဳ႕
ဒါဆုိရင္က်ဴပ္တုိ႕မႏ ၱေလးကုိဘယ္ေတာ့ေလာက္သြားျဖစ္မလဲ"
"လွပြားတုိ႕ႏွမ္းေတာင္ေတြခါေနၾကတယ္ကြ.အဲ့ဒီႏွမ္းေတြအား
လံုးသိမ္းဆည္းျပီးရင္ကိစၥေတြျပီးပါျပီ.ဒီေတာ့
လကုန္ေလာက္ဆုိသြားနူိင္ပါျပီ"
"ဗမာ လနဲ႕က်ေတာေရာဘယ္လုိေနတုန္း"
"ဗမာလနဲ႕ဆုိလကြယ္ေလာက္သြားက်မယ္ကြ.ဘာျဖစ္လုိ႕လဲတ
ာေတရ"
"ကိုဘပြားကလည္းသခ်ိဳင္းမွာဂူေဖာက္ရမွာေလ
လသာရက္ဆုိဘယ္ေကာင္းမွာတုန္း
လမုိက္ရက္မွေကာင္းမွာေပါ့ဗ်."
"ေအးဟုတ္သား.ဒါေၾကာင့္လည္းလွပြားက
မင္းကုိအားကုိးျပီးလႊတ္လုိက္တာကုိးကြ.ေအး
မင္းေကာင္းသလုိသာစီစဥ္ကြာ ခက္တာက အေဖက
မႏ ၱေလးက ဘယ္သခ်ိဳင္းဆုိတာ
အတတ္မေျပာခဲ့တာခက္တာ.အဲ့ကိစၥကုိငါလည္းအတန္တန္ေမး
ပါတယ္ကြာ.အဖက မွတ္ကုိမမွတ္မိေတာ့တာကြ.
မန္က်ည္းပင္ၾကီးနဲ႕အုတ္ဂူေတြပဲမွတ္မိေနတာ."
"အင္း
ခက္ေတာ့လည္းခက္သားလားဗ်ာ.သူ႕ခဗ်ာတစ္သက္လံုးရူးသြား
တာမလား.ဘယ္မွာလာျပီး
အကုန္မွတ္မိေတာ့မလဲဗ်ာ.ဒီေလာက္မွတ္မိတာပဲ
အ့ံၾသစရာျဖစ္ေနတာ
အင္းဟုိေရာက္မွပဲၾကည့္ျပီးစံုစမ္းၾကတာေပါ့ဗ်ာ.ဒီေလာက္ႏွစ္ေ
တြၾကာရင္ သခ်ိဳင္းအေနအထားေျပာင္းသြားမွာရယ္ ပစၥည္းကုိ
လူတစ္ေယာက္ေယာက္ရသြားျပီလားဆုိတာရယ္ကုိေတြးပူတာ
ပါ"ေအး.ဒါေတာ့ဘယ္တတ္နူိင္ပါ့မလဲတာေတရာ.တျခားသူရသြား
ရင္လည္းျပန္လာၾကရံုေပါ့.ငါကေတာ့ဒီအတုိင္းေတာ့ေမ့မပစ္လုိ
က္ခ်င္ဘူးကြာ"
"ဟာ.ဒါေတာ့ဟုတ္ပါတယ္ကုိဘပြားရဲ႕.သြားေတာ့ရွာၾကည့္သင့္
ပါတယ္.ရလာေတာ့လည္းကုိယ့္သေဘာေပါ့ဗ်ာ.လွဴသင့္တာလွဴ
ေျပာသလိုသခ်ိဳင္းမွာရတာေပါ့. ကုိဘပြား
အလကားျဖစ္ေနမယ့္အစားရွာေတာ့ရွာသင့္တာေပါ့ဗ်ာ.
"ေအး.ဒါျဖင့္ငါျပန္မယ္တာေတ.လွပြားလည္းေမွ်ာ္ေနေတာ့မွာကြ
.ငါသံုးေလးရက္ေနရင္ျပန္လာမယ္ေလကြာ.အဲ့ၾကမွလွပြားလည္း
ေခၚခဲ့မယ္.ဟုိမွာေနတဲ့
ရက္အတြင္းစားေရးေသာက္ေရးအတြက္ေတာ့မပူနဲ႕ေနာ္.ငါအား
လံုးစီစဥ္ခဲ့မယ္.ဒီအတြင္းမင္းလည္းစဥ္းစားထားေလကြာ"
ကုိဘပြားျပန္ေတာ့
ညေနေတာင္ေစာင္းေနျပီ.က်ဴပ္လည္းကုိဘပြားေျပာသြားတဲ့ကိ
စၥကုိေတာ္ေတာ္စိတ္ဝင္စားသြားတာဗ်.တာေတ့အေၾကာင္းကုိခ
င္ဗ်ားတုိ႕လည္း
အသိပဲဗ်ာ.ဒီလုိကိစၥမ်ိဳးးဆုိရင္ တာေတကစြန္႕စားဖုိ႕အသင့္ပဲဗ်ိဳ႕
ခါးမွာဝတ္ထားတဲ့ပုဆုိးကုိ အခုခ်က္ခ်င္းေတာင္
ခါေထာင္းထၾကိဳက္ပစ္လုိက္ခ်င္တာဗ်."
အဘနဲ႕အေမကုိက်ဴပ္ၾကိဳေျပာထားလုိက္တယ္.ကုိဘပြားတုိ႕ညီ
အစ္ကုိနဲ႕မႏၱေလးကုိလုိက္သြားမယ့္အေၾကာင္းေပါ့ဗ်ာ.တစ္ပတ္
ေလာက္ၾကာေတာ့
ကိုဘပြားက်ဴပ္ဆီကုိျပန္ေရာက္လာတယ္.သူတုိ႕ႏွမ္းသိမ္းတာအ
ားလံုးျပီးသြားေၾကာင္းနဲ႕ ခရီးထြက္ဖုိ႕အဆင္သင့္ျဖစ္ေၾကာင္း
ျပီးေတာ့ က်ဴပ္လုိက္ဖုိ႕ေသခ်ာလား လို႕လာေမးတာဗ်။
ေသခ်ာရင္မနက္ျဖန္ကားလက္မွတ္မွာေတာ့မယ့္အေၾကာင္းလာ
ေျပာတယ္.က်ဴပ္ကလည္းအခုခ်က္ျခင္းထသြားခ်င္ေနတဲ့ေကာင္
ဆုိေတာ့ "က်ဴပ္ကေတာ့ အဆင္သင့္ပဲ"လုိ႕
ေျပာလုိက္တာေပါ့ဗ်ာ.ေနာက္ႏွစ္ရက္ၾကာေတာ့
က်ဴပ္ရယ္.ကိုဘပြားတုိ႕ညီအစ္ကုိရယ္
ခရီးစထြက္ခဲ့ၾကတယ္.မႏၱေလးေရာက္ေတာ့ ဘုရားၾကီးဘက္က
ဘုန္းၾကီးေက်ာင္းမွာတည္းၾကတယ္.ကုိဘပြားတုိ႕အသိဘုန္းၾကီး
ေပါ့ဗ်ာ။ အဲ့ဒီမွာတည္းျပီး ေန႕တုိင္း အျပင္ထြက္
သခ်ိဳင္းေတြလုိက္ရွာၾကတာေပါ့.ခက္တာက ဘၾကီးစံေဖက
ဘယ္သခ်ိဳင္းကဆိုတာ အတိအက်
မမွတ္မိေတာ့လည္းခက္သားလားဗ်ာ။ ဘၾကီးစံေဖ
ရူးေနတုန္းက အျမဲရြတ္ေနတဲ့ တေဘာင္လုိလုိ သိုက္စာကိုေတာ့
က်ဴပ္စိတ္ထဲမွာ အျမဲရြတ္ေနတာဗ်... "မန္က်ည္းပင္ေျမာက္
ဆယ္လွမ္းေလ်ာက္ စႏၵိမာကုိေရာက္
စႏၵိမာေနာက္ဆယ္လမ္းေလ်ာက္
ေအာင္ဗလကုိေရာက္.ေအာင္ဗလေခါင္း ေျခာက္အိမ္ေျပာင္း
ပြဲစားကုိကံေကာင္း" ဟီး
ရြတ္လို႕ေတာ့အေကာင္းသားေနာ့္.သခ်ိဳင္းရွာမေတြ႕ေသးတာက
ခက္ေနတာ
ဗ်.မန္က်ည္းပင္လည္းရွာရ.အုတ္ဂူေတြလည္းရွာရ.တစ္ခ်ိဳ႕ဂူေ
တြက ေရညွိေတြတတ္ျပီး မည္းေနလုိ႕
မနည္းကုိပြတ္တုိက္ျပီးစာဖတ္ရတာ.တခ်ိဳ႕ၾကေတာ့
အဂၤေတေတြကြာေနၾကလို႕စာလံုးေတြပ်က္ေနျပီ.ဖတ္လို႕ကုိမရ
တာဗ်.သံုးေယာက္သားသခ်ိဳင္းကုန္းတစ္ခုျပီးတစ္ခုလုိက္ရွာေန
တာနဲ႕တစ္ေနကုန္ေတာ့တာပါပဲဗ်ာ.မနက္ေစာေစာထျပီးစံုစမ္း
တယ္.ဒီေန႕ေတာ့က်ဴပ္တုိ႕သံုးေယာက္လံုးစိ္တ္ပ်က္သြားၾကျပီဗ်ိဳ
႕.ဘာျဖစ္လုိ႕လဲဆုိေတာ့
မႏၱေလးကသခ်ိဳင္းေတြလည္းကုန္ျပီေလ.
ဘၾကီးစံေဖေျပာထားတာေတြလည္းလံုးဝမေတြ႕ဘူးဗ်."အစ္ကုိရာ စိတ္ေလ်ာ့လိုက္ပါေတာ့ဗ်ာ။အေဖက
မေသခင္ျပန္ေကာင္းတယ္ဆုိေပမယ့္ စိတ္က
လံုးလံုးေကာင္းတာဟုတ္ခ်င္မွဟုတ္မွာဗ်.
တစ္ခ်က္တစ္ခ်က္ျပန္ျပီးေဖာက္သြားတာ
အစ္ကုိလည္းသိတာပဲေလ" ကုိလွပြားက သူ႕အစ္ကိုကုိ
စိတ္ေလ်ာ့ဖုိ႕ေတာင္ေျပာေနျပီ. ကုိဘပြားကေတာ့
ေခါင္းအမာသားဗ်.ေလ်ာ့ခ်င္ပံုမရဘူး.က်ဴပ္နဲ႕ကုိလွပြား
ေတာင္သမန္အင္းက မယ္ဇဠီပင္တစ္ပင္ေအာက္ထိုင္ေနတုန္း
ကိုဘပြား ထြက္သြားတယ္. "အစ္ကုိ ဘယ္တုန္း"
လုိ႕ကုိလွပြားေမးလုိက္ေတာ့... "ဒီနားတင္"
လို႕ပဲေျပာခဲ့တယ္.က်ဴပ္နဲ႕ကုိလွပြားလည္းကုိဘပြားကုိေစာင့္လုိ
က္ၾကတာညေနကုိေစာင္းေရာဗ်ိဳ႕။
ကုိလွပြားလည္းသူ႕အစ္ကုိကုိစိတ္တုိျပီး ပါးစပ္က
ဗ်စ္ေတာက္ဗ်စ္ေတာက္ေျပာေနေရာဗ်ိဳ႕။ေနာက္ေတာ့
ကုိလွပြားသုတ္သုတ္ သုတ္သုတ္နဲ႕ ျပန္ေရာက္လာတယ္.
"အစ္ကုိ. ဘယ္သြားေနတာတုန္းဟ"
လို႕ကိုလွပြားကခပ္ဆတ္ဆတ္ေမးေတာ့တာေပါ့ဗ်ာ.
"ငါအၾကံရလုိ႕ကြ ။
သက္ၾကီးရြယ္အုိတစ္ေရာက္ေလာက္ကုိေမးမွရလိမ့္မယ္ထင္လုိ႕
ျမင္းလွည္းသမားတစ္ေယာက္ကုိရေအာင္ေပါင္းျပီး
အသက္ၾကီးၾကီး ႏွံ႕ႏွံ႕ စပ္စပ္ အဘုိးၾကီးတစ္ေယာက္ကုိ
စံုစမ္းရတာေပါ့ကြာ..အဲ့ဒီျမင္းလွည္းသမားက အသက္ ၉၀
ေက်ာ္အဘုိးၾကီးတစ္ေယာက္ဆီလုိက္ပို႕တယ္ကြ.အဘုိးၾကီးနာမ
ည္က ဦးျမတဲ့ . ေတာ္ေတာ္ေလးဗဟုသုတရွိျပီး
ဒီေဒသကုိႏွံ႕စပ္တဲ့လူၾကီးကြ.
ငါကဥပါယ္တံမ်ဥ္နဲ႕ေျပာရတာေပါ့ကြာ.အဘုိးၾကီးကေတာ္ေတာ္
ေလးစဥ္းစားျပီးမွ ေျပာတယ္... ပြဲစားဦးကံေကာင္းကို
သူသိတယ္တဲ့ မႏၱေလးကမဟုတ္ဘူး အမရပူရကတဲ့့.
ဦးကံေကာင္းဆံုးေတာ့
အသုဘေတာင္သူလုိက္ပုိ့ေသးတယ္ဆုိပဲ...အမရပူရသခ်ိဳင္းမွာ
ပဲသျဂိဳဟ္တာပါတဲ့.မႏၱေလးမွာသျဂိဳဟ္တာမဟုတ္ပါဘူးတဲ့ကြ"
... "ဟာ ဟုတ္လားကိုဘပြား ဒါဆုိရင္ က်ဴပ္တုိ႕အမရပူရ
သခ်ိဳင္းမွာရွာရမွာေပါ့.ဘၾကီးစံေဖကအမရပူရနဲ႕မႏၱေလးကုိအမွ
တ္မွားသြြားတာျဖစ္မွာေပါ့ဗ်ာ.တစ္သက္လံုးစိတ္ေရာဂါခံစားေန
ရတာဆိုေတာ့လည္း
အမွတ္ေတြလည္းလြဲလုိ႕ရွိမွာေပါ့.မနက္ျဖန္ပဲ
အမရပူရကုိသြားၾကတာေပါ့" က်ဴပ္ကဝင္ေျပာေတာ့မွ
ညီအစ္ကုိႏွစ္ေယာက္ေက်နပ္ျပီး
ဘုန္းၾကီးေက်ာင္းကုိျပန္ခဲ့ၾကေတာ့တယ္.ေနာက္ေန႕က်ေတာ့
အိပ္ယာက ခပ္ေစာေစာထျပီး
ျမိဳ႕ကုိလာခဲ့ၾကတာေပါ့ဗ်ာ..ေနသိပ္မျမင့္ခင္
သခ်ိဳင္းထဲဝင္ခဲ့ၾကတယ္.သံုးေယာက္သား
ဟုိၾကည့္သည္ၾကည့္ေပါ့ဗ်ာ. "ဟာ ဟုိမွာ
မန္က်ည္းပင္ၾကီးတစ္ပင္ဗ်.ေတာ္ေတာ္ကိုၾကီးတာဗ်ိဳ႕လူႏွစ္ဖက္
စာေလာက္ရွိမွာဗ်".ကိုဘပြားတို႕ညီအစ္ကိုလည္း
က်ဴပ္ေျပာတဲ့ဘက္ကုိၾကည့္ၾကတာေပါ့။
"ဟုတ္တယ္ေဟ့တာေတေရ.ကဲလာ
အဲ့အပင္ၾကီးဆီကိုသြားၾကရေအာင္." ကိုဘပြားက ဦးေဆာင္ျပီး
ေရွ႕ကသြားတယ္ဗ်.က်ဴပ္နဲ႕ကုိလွပြားနဲ႕လည္း
ေနာက္ကလိုက္ရတာေပါ့။ မန္က်ည္းပင္ၾကီးဆီေရာက္ေတာ့
က်ဴပ္နဲ႕ကိုလွပြားက
မန္က်ည္းပင္ကုိလက္နဲ႕ဟုိဘက္သည္ဘက္
ဖတ္္ၾကည့္ၾကတယ္ဗ်.ေယာက္်ားႏွစ္ဖက္ေတာင္
ေက်ာ္ေသးတယ္ဗ်ိဳ႕။ "ကဲ.က်ဴပ္တုိ႕ရွာၾကစို႕ဗ်ာ.
ေျမာက္ဘက္ကုိ ဆယ္လွမ္းေလ်ာက္ျပီဗ်ိဳ႕
...တစ္လွမ္း------- ကိုးလွမ္း။
ဆယ္လွမ္း ေရာက္ၿပီးဂူႀကီးတစ္လံုး
စာေတြေတာင္ပ်က္ေနျပီဗ်"က်ဴပ္ကအနားက ျခံဳေတြထဲက
သစ္ပင္တစ္ပင္ကုိခ်ိဳးျပီး စာလံုးေပၚက ေဂ်းေတြကုိ
ျခစ္ခ်လုိ္က္တယ္.ေဟာေပၚလာျပီ. ဦစႏၵိမာ.သက္ေတာ္ ၈၀ .
ဝါေတာ္ ၄၂ အင္း. ဘုန္းၾကီး ဂူသြင္းတာေတာ့ ရွားသားဗ်.
က်ဴပ္လည္းဝမ္းသာအားရ လွမ္းေျပာလုိက္တယ္."ဟုတ္ျပီဗ်ိဳ႕
ဒါဦးစႏၵိမာအုတ္ဂူပဲ အစေတာ့ေတြ႕သြားျပီ
ကုိဘပြား"....."ေအးဟုတ္ျပီေဟ့တာေတ.
စႏၵိမာေနာက္ဆယ္လွမ္းေလွ်ာက္တဲ့ကြ" ......
"ဟုတ္ျပီဟုတ္ျပီ.ဦးစႏၵိမာ ဂူရဲ႕ အေနာက္ဘက္
တစ္လွမ္း.ႏွစ္လွမ္း-----------------------" "ဦးေအာင္ဗလ
အသက္ ၆၀ တဲ့တာေတေရ." က်ဴပ္ေျခဆယ္လွမ္းအေရာက္
ေတြ႕ရတဲ့ဂူေပၚက ကမၺည္းစာတန္းကုိ
ကုိဘပြားကအသံက်ယ္က်ယ္နဲ႕ဖတ္လုိက္တယ္.
"ေအာင္ဗလေခါင္း
ေျခာက္အိမ္ေျပာင္းပြဲစားကုိကံေကာင္းတဲ့ေဟ့" .. "ဟုတ္ျပီ။
ဦးေအာင္ဗလရဲ႕ဂူ ေခါင္းရင္းဘက္ကုိ ေလ်ာက္မယ္. ကဲ
တစ္ဂူ.....ငါးဂူ. ေဟာ ဒါေျခာက္ဂူေျမာက္ ကဲ့ၾကည့္စမ္းဗ်ာ
ဘယ္သူတဲ့တုန္း" ......... " ဟာ ပြဲစားၾကီးဦးကံေကာင္းအသက္
၇၀ တဲ့ကြ . ေတြ႕ျပီကြ.ေတြ႕ျပီ"
ကိုဘပြားတုိ႕ညီအကုိမ်က္ႏွာေတြ ဝင္းသြားၾကတယ္.
က်ဴပ္ကပဲြစားၾကီး
ရဲ႕ဂူကိုတစ္ပတ္လွည့္ၾကည့္တယ္.ဒီဂူကုိဘၾကီးစံေဖတုိ႕အဖြဲ႕
ဘယ္ေနရာကေဖာက္ျပီးပစၥည္းထည့္ထားလဲဆုိတာကုိေပါ့.အခု
ထိေတာ့ ဂူကေျခရာလက္ရာမပ်က္ေသးဘူးဗ်.တစ္ေယာက္ေယာက္ေဖာ
က္ထားပံုမေပၚေသးေတာ့ ဝွက္ထားတဲ့ရတနာေတြ
ရွိေနနူိင္ေသးတာေပါ့ဗ်ာ.။ " တာေတ
တုိ႕အလုပ္ဘယ္ေတာ့လုပ္မလဲ" ကိုဘပြားေမးတယ္ဗ်.
ကိုလွပြားလည္း
က်ဴပ္ေျပာမွာနားေထာင္ေနတယ္ေလ."ဒီညေပါ့ကုိဘပြား.ဒီည
လမုိက္တယ္ေလဗ်.ဒါမွ အလုပ္လုပ္လုိ႕ေကာင္းမွာဗ်" ...
"ေအးေကာင္းျပီ.ဒါဆုိတုိ႕အခုမႏၱေလးသြားျပီး
လိုအပ္တာဝယ္ၾကရေအာင္" က်ဴပ္တုိ႕လည္း
ဂူအေျခအေန.သခ်ိဳင္းအေနအထား.ဝင္လမ္းထြက္လမ္း.သစ္ပင္
အမွတ္အသား အားလံုးမွတ္သားၾကျပီးျပန္လာၾကတယ္.
မႏၱေလးေရာက္ေတာ့ လုိအပ္တဲ့
ပစၥည္းေတြဝယ္ရတာေပ့ါဗ်ာ.အားလံုးစံုေအာင္ယူလုိ႕အမရပူရ
ထြက္ခဲ့ၾကတယ္.ဒီလိုနဲ႕ သခ်ိဳင္းကိုေရာက္ေတာ့
ညရွစ္နာရီထုိးေနျပီဗ်.ၾကယ္ေရာင္ေလးေတြကုိအားျပဳျပီးက်ဴပ္
တုိ႕သံုးေယာက္
ထုိင္ျပီးျငိမ္ေနၾကရတာေပါ့ဗ်ာ.အခ်ိန္ကေစာေနေသးတာကိုး.တ
စ္စျပင္တစ္ခုလံုးတိတ္ဆိတ္ေနတယ္.တစ္ခ်က္ တစ္ခ်က္
ေလေအးၾကီးကတုိက္ေနတယ္.ေလအေဝ့မွာ အေမွာင္ထဲက
သစ္ပင္ေတြက
နာနာဘာဝေတြလမ္းေလ်ာက္ေနသလိုထင္ရတယ္ဗ်.တစ္ခ်က္
တစ္ခ်က္က်ရင္ သစ္ပင္မွာကပ္ေနတဲ့ ပုိးစုန္းၾကဴး ေလးေတြ
တလက္လက္ျဖစ္ေနတာကုိေတြ႕ရတယ္ဗ်။
သခ်ိဳင္းထဲမွာျငိမ္ျပီးထုိင္ေနေတာ့ က်က္သီးေတြ
တဖ်န္းဖ်န္းထေနတာဗ်ိဳ႕ .. က်ဴပ္ေရာ
ကုိဘပြားတို႕ႏွစ္ေယာက္ေကာ ေတာင္ၾကည့္ေျမာက္ၾကည့္
ေလ်ာက္ၾကည့္ေနတာဗ်.ဒီလိိုနဲ႕ သန္းေခါင္းၾကက္တြန္သံ
ၾကားလုိက္ၾကတယ္.။ "သန္းေခါင္ၾကက္တြန္ျပီကြ တာေတ" ....
"ဟုတ္တယ္ ကိုဘပြား လုပ္ငန္းစၾကစုိ႕" ေျပာေျပာဆုိဆုိနဲ႕
က်ဴပ္က အိတ္ထဲက စြပ္က်ယ္တစ္ထည္ကုိထုတ္ျပီး
လက္ႏွိပ္ဓါတ္မီးကုိ အုပ္ပတ္လုိက္တယ္.ဒီေတာ့မွ
အလင္းေရာင္ကဝပ္သြားတယ္ဗ်။ ျပီးေတာ့မွ
သံစုိ႕နဲ႕တူကုိယူတယ္.သံစုိ႕ၾကီးကုိလည္း
စြပ္က်ယ္တစ္ထည္နဲ႕ပတ္လုိက္တယ္ ဒါမွတူထုရင္အသံမ
ျမည္မွာကုိး.။ "ကဲကုိလွပြားက
က်ဴပ္ကိုမီးထုိးျပဗ်ာ.က်ဴပ္္တုိ႕ဂူေျခရင္းကေဖာက္မယ္.
ဘၾကီးစံေဖတုိ႕ေဖာက္ျပီးပစၥည္းထုပ္ထည့္တာ
ေျခရင္ကပဲျဖစ္လိမ့္မယ္ထင္တယ္."ကိုလွပြားကမီးကုိခပ္အုပ္အုပ္ထုိးျပထားတယ္.ျခံဳပုတ္ေတြကြယ္ေနျပီးေတာ့
က်ဴပ္တုိ႕ေဖာက္မယ့္ဂူေဘးမွာအျခားဂူေတြလည္းကြယ္ေနေတာ့ ေတာ္ေတာ္လံုျခံဳပါတယ္. "ဝူးးးးးးးးးး ဝူးးးးးးး" က်ဴပ္က
သံစုိ႕ကုိဂူမွာေထာက္လုိက္ျပီး
တူနဲ႕ထုဖုိ႕ျပင္ရံုရွိေသးတယ္.သစ္ပင္အုပ္အုပ္ၾကီးေတြဘက္က
ဆြဲဆြဲငင္ငင္ ေခြးအူသံၾကီးတစ္သံထြက္လာေကာဗ်ာ.ဟိုညီကုိေတာ့မသိဘူး.
က်ဴပ္ေတာ့ က်က္သီးေတြ ဖ်န္းခနဲ ထသြားတယ္ဗ်ိဳ႕
သူတုိ႕လည္းဟုိၾကည့္သည္ၾကည့္ၾကည့္ေနၾကတယ္ဗ်.။
က်ဴပ္လည္း ဘာမွ စဥ္းစားမေနေတာ့ပဲ လုပ္စရာရွိတာသာ
ဆက္လုပ္လိုက္တယ္။ " ဒုတ္ ဒုတ္ ဒုတ္ ဒုတ္ "
အဝတ္ပတ္ထားတဲ့ သံစုိ႕ေပၚ
တူနဲ႕ခပ္ဆတ္ဆတ္ထုလုိက္တယ္. အဂၤေတစေတြဖြားခနဲ
ဖြားခနဲ လြင့္ထြက္လာတယ္. "ဝူးးးးးးးးးး ဝူးးးးးးး"
ေခြးအူသံၾကီးကက်ဴပ္တုိ႕ဘက္ကုိနီးလာသလုိပဲဗ်.က်ဴပ္ဆုိတာ
ဆံပင္ေတြေတာင္ေထာင္သြားသလုိပဲဗ်ိဳ႕ " ဒုတ္ ဒုတ္ ဒုတ္ ဒုတ္
" က်ဴပ္လည္းတူကုိ ခပ္ျမန္ျမန္ထုလုိက္တယ္. "ဝူးးးးးးးးးး ဝူးးးးးးး"
ဒီတစ္ခါေခြးအူသံက
က်ဴပ္တုိ႕နဲ႕ကပ္ျပီးထြက္လာတာဗ်.အလြန္ဆံုးကြာမွ
ဂူသံုးေလးလံုးေလာက္ကဗ်. က်ဴပ္လည္း
သံစုိ႕ၾကီးေယာင္ျပီးလႊတ္ခ်လုိက္တယ္.ကိုဘပြားက
က်ဴပ္တုိ႕ပါလာတဲ့ေဂၚျပားကုိက်စ္က်စ္ပါေအာင္ဆုပ္ျပီး
က်ဴပ္တို႕သံုးေယာက္ စလံုးျပိဳင္တူထရပ္လုိက္ၾကတယ္.
ဟုိၾကည့္သည္ၾကည့္ေလ်ာက္ၾကည့္ၾကတာေပါ့.။
"ဟာ...ဟုိ.ဟိုမွာ" ကိုလွပြားေျပာတဲ့ဘက္ကုိ
က်ဴပ္တုိ႕ၾကည့္လိုက္ၾကတယ္ "ဟာ.မဖဲဝါၾကီး" က်ဴပ္ပါးစပ္က
လွစ္ခနဲထြက္သြားတယ္.က်ဴပ္တုိ႕ေတာင္ဘက္က
သံုးဂူေက်ာ္မွာေတြ႕တာဗ်.ဂူေပၚမွာ ဆံပင္ဖားယား
ခ်ျပီးမားမားၾကီးရပ္ေနတာဗ်.အရပ္ၾကီးက
ဆယ္ေပေလာက္ရွိမယ္ထင္တယ္. ၾကယ္ေရာင္နဲ႕ဆုိေတာ့
ေမွာင္ထဲမွာသဲသဲကြဲကြဲ
မျမင္ရဘူူးေပါ့.မ်က္လံုးနီနီၾကီးေတြကျပဴးထြက္ေနတယ္။ ... "ဒါ
ငါတုိ႕ပစၥည္း ငါ့အေဖပစၥည္း ငါလာယူတာ မေႏွာင့္ယွက္နဲ႕ "
ကိုဘပြားေျပာလုိက္တာဗ်ိဳ႕.
က်ဴပ္ေတာင္အံ့အားသင့္သြားတယ္. "ဟီးးဟီးးးးးးးးးးးးးးးးး"
မဖဲဝါၾကီးရဲ႕ ရယ္သံၾကီးထြက္လာတာဗ်. က်ဴပ္ျဖင့္
အဲ့ဒီအသံၾကားလိုက္တာနဲ႕
ဆံပင္ေတြေထာင္ကုန္ေရာဗ်ိဳ႕.ကုိလွပြားက
ေနာက္ကုိဆုတ္သြားတယ္. " ဟီးးးးး.
ငါ့သခ်ိဳင္းေရာက္ရင္ငါ့ပစၥည္း ဒီသုိက္က ငါ့သိုက္ မ ဖဲ ဝါ သုိက္
ခုထြက္သြားၾက.........ဟီးးးးးးးးး" အသံၾကီးကဝါးဝါးၾကီးဗ်.
က်ဴပ္ကုိဘပြားကုိလက္ကုပ္လုိက္တယ္. "ေျပးၾကစုိ႕ကုိဘပြား"
... "မေျပးဘူး တာေတ.ဘာလုိ႕ေျပးရမွာလဲ ငါ့အေဖရဲ႕ပစၥည္းကြ
.ဒီေကာင္မၾကီးနဲ႕ဘာမွမဆုိင္ဘူး.ဒင္းကုိငါလုပ္မယ္.ငါ့အေဖလည္းသူ႕ေၾကာင့္ရူးရတာ" ...... "ဗ်ာ"
က်ဴပ္ဘာျပန္ေျပာရမွန္းမသိခင္ ကုိဘပြား လက္ထဲက
ေဂၚျပားကုိက်စ္က်စ္ပါေအာင္ကုိင္ရင္းမဖဲဝါၾကီးဆီ
ေျပးသြားေတာ့တာပဲဗ်ိဳ႕ ဟာ.ကိုဘပြား
ေဂၚျပားၾကီးကိုလႊဲလုိက္ျပီ.လႊဲလုိက္ျပီ.လႊဲလုိက္ျပီ. ခုတ္ျပီ.
ခုတ္လုိက္ျပီဗ်ိဳ႕. "ဟာာာာ" ကုိဘပြားခုတ္တဲ့ေဂၚျပားက
မဖဲဝါကုိထိေပမယ့္ ေလကုိခုတ္လုိက္သလုိပဲ ဝွီးခနဲ
ျမည္သြားတာပဲရွိတယ္. က်ဴပ္ေရာကုိလွပြားေကာ
ေနာက္ဆုတ္ျပီး ေျခလွမ္း ငါးလွမ္းေလာက္ေျပးလုိက္ၾကတယ္.
ဟာ.ခုတ္ေနျပန္ျပီဗ်ိဳ႕ ကုိဘပြားက ေဂၚျပားကုိ သူ႕ေခါင္းေပၚမွာ
ဝွီးခနဲ ျမည္ေအာင္လႊဲျပီး
မဖဲဝါကုိလုိက္ခုတ္ေနတာဗ်ိဳ႕.မဖဲဝါကလည္း ဂူေပၚမွာ
ခါးေထာက္ျပီး စိမ္းစိမ္းၾကီးၾကည့္ေနတာ." အစ္ကုိ မလုပ္နဲ႕"
ကိုလွပြားေအာ္သံက သခ်ိဳင္းတစ္ခုလံုးလႊမ္းသြားတာဗ်။
"ဝူးးးးးးးးးးးးးးးးးးးးးး"
ေခြးအူသံကမဖဲဝါၾကီးရပ္ေနတဲ့ဂူေဘးကထြက္လာတာဗ်ိဳ႕.ကိုဘ
ပြားကေတာ့လူစိတ္ေပ်ာက္သလုိ မဖဲဝါကုိ
ေဂၚျပားၾကီးနဲ႕လုိက္ခုတ္ေနတယ္.တစ္ခ်က္
မဖဲဝါကုိေဂၚျပားနဲ႕တအားလႊဲအခုတ္မဖဲဝါရပ္ေနတဲ႕ ဂူေပၚကို
တည့္တည့္ၾကီးစိုက္က်သြားတယ္ဗ်.ဟာ.မဖဲဝါ လက္ဝါးၾကီးနဲ႕
ကိုဘပြားေက်ာကုန္းကုိရုိက္လုိက္တာဗ်ိဳ႕။
တစ္ခ်က္.....ႏွစ္ခ်က္.....သံုးခ်က္.ဟာ
သြားျပီး.ကိုဘပြားၾကီးေက်ာၾကီးေကာျပီးလဲက်သြားျပီ. ေဟာ
မဖဲဝါၾကီးလည္းေပ်ာက္သြားျပီဗ်.ဒီေတာ့မွ
က်ဴပ္တို႕ေျပးျပီးကုိဘပြားကုိေပြ႔ထူလုိက္ၾကတယ္.ကိုဘပြားပါးစ
ပ္ကေသြးေတြဒလေဟာ စီးက်ေနတယ္ဗ်.တစ္ကုိယ္လံုးလည္း
တဆတ္ဆတ္နဲ႕ အေၾကာေတြဆြဲေနတယ္. "အကုိ အကုိ.."
ကုိလွပြားသူ႕အစ္ကိုကုိေခၚရင္းအသံတိမ္သြားတယ္.
ကုိဘပြားျငိမ္သြားျပီ.က်ဴပ္ ဓါတ္မီးယူျပီးထုိးၾကည့္လုိက္ေတာ့
မ်က္လံုးၾကီးပ်ဴးထြက္ျပီး အသက္မရွိေတာ့ဘူးဗ်.။ "ဟာ.
အစ္ကုိ...... အစ္ကုိရာ." ကိုလွပြား ခ်ံဴးပြဲခ်ငိုေတာ့တာပဲ.
က်ဴပ္လည္း ဘာဆက္လုပ္ရမယ္မသိေတာ့လုိ႕ မဖဲဝါကုိ
လုိက္ရွာၾကည့္တယ္.
မေတြ႕ေတာ့ဘူးဗ်.ေခြးအူသံၾကီးလည္းေပ်ာက္သြားတယ္.ကုိဘ
ပြားတစ္ေယာက္ေတာ့ ေသေနျပီ. မနက္မုိးလင္းရင္
ရဲေတြေရာက္လာမွာေသခ်ာတယ္.က်ဴပ္တုိ႕ဒီကိစၥအတြက္ဘယ္
လုိလုပ္မလဲ.က်ဴပ္ေခြ်းပ်ံလာတယ္.အခုဆုိတစ္နာရီေလာက္ရွိျပီ
ဗ်. ကုိလွပြားနဲ႕က်ဴပ္တုိင္ပင္ၾကတယ္.ကုိဘပြားအေလာင္း
ရြာထဲေရာက္ေအာင္သယ္ဖို႕က
ဘယ္လုိမွမျဖစ္နူိင္ေတာ့ဘူး.ဒီေတာ့ ဒီတုိင္းထားခဲ့မလား
သျဂိဳဟ္ခဲ့မလားေပါ့။ ေနာက္ဆံုးေတာ့
သူ႕ညီကုိလွပြားသေဘာတူတာနဲ႕ က်င္းနက္နက္တူျပီး
ကိုဘပြားၾကီးကိုက်က်နန သျဂိဳဟ္ခဲ့ၾကတယ္.ျပီးေတာ့မွ
ေျခရာလက္ရာေဖ်ာက္ျပီး
ရြာကုိတန္းျပန္ခဲ့ၾကတယ္.ရြာေရာက္ေတာ့ ကုိဘပြားပုိးထိျပီး
ဆံုးတယ္ဆုိတဲ့
အေၾကာင္းသတင္းလႊင့္ျပီးသက္ေပ်ာက္ဆြမ္းသြတ္ၾကရတယ္.က်ဴပ္လည္းရက္လည္ေတာ့ရြာကိုျပန္ခဲ့ရတာေပါ့ဗ်ာ.ရြာနီးခ်ဳပ္စပ္
ကလူေတြကေကာ
ပုိးထိျပီးဆံုးတယ္ပဲသိထားၾကတာေပါ့.မဖဲဝါရုိက္သတ္လို႕ေသတာေတာ့ က်ဴပ္ရယ္.ကုိလွပြားရယ္ကလြဲ ဘယ္သူသိမွာတုန္းဗ်.
အဲ ခုေတာ့ ခင္ဗ်ားလည္းသိသြားျပီေပါ့ဗ်ာ။
😃😃😃😃😃😃😃😃😃😃
ျပီပါျပီ။
ယူနီကုဒ္ျဖင့္ ဖတ္ၾကပါရန္
#Crd
တာတေ
မဖဲဝါသိုက် (စ/ဆုံး)
**************
မဖဲဝါသိုက်လို့ကျူပ်ကပြောလိုက်တော့ သိပ်ကိုအံ့သြကြမှာပေါ့ ၊
မဖဲဝါကဥစ္စာစောင့်မှမဟုတ်တာ
ဘယ်လိုလုပ်ပြီးသိုက်ရှိမှာတုန်းပေါ့ ။
တကယ်တော့ သချိုင်းတစ်ရာကိုအပိုင်စားရထားတဲ့
မဖဲဝါကြီးမှာ သူအပိုင်စားရထားတဲ့ သချိုင်းတွေထဲကို
ရောက်လာတဲ့ ဥစာမှန်သမျှသူပိုင်ပြီးသားဗျာ။အားလုံးဟာ
သူပိုင်တဲ့ဥစ္စာဖြစ်သွားတာ။ကျူပ်လည်းအစကမသိပါဘူးဗျာ။
ငွေတွင်းကုန်းက ကိုဘပွား။ကျူပ်ဆီကိုရောက်လာရာက
စသိခဲ့တာပေါ့၊ ကိုဘပွားနဲ့ကျူပ်က နဂိုကတည်းက
ခင်တာဗျ.လူကအရပ်ရှည်ရှည်.ကိုယ်လုံးတောင့်တောင့်
နှာတံပေါ်ပေါ်နဲ့ဥပတိရုပ်ကောင်းကောင်းပါပဲ။ဒါပေမယ့်
ကိုဘပွားကသနားဖို့ကောင်းတယ်ဗျ.
ငွေတွင်းကုန်းသားတွေကသူ့ကွယ်ရာမှာဆို
နှာခေါင်းရှံ့ကြတယ်.ဘာလို့လဲဆိုတော့
ကိုဘပွားတို့အဖေ
ဦးစံဖေဆိုတဲ့အဖိုးကြီးကသွက်သွက်ခါအောင်ရူးနေတာကိုးဗျ။
ကိုဘပွားတို့ကလည်းဒီဇာတိကမဟုတ်ဘူးလေ .
ဘယ်ဇာတိကဆိုတာလည်းဘယ်သူမှတိတိကျကျမသိဘူးဗျ.
ဘယ်ကပြောင်းလာမှန်းလည်းမသိကြဘူး။ ငွေတွင်းကုန်းမှာ
ယာကွက်တွေ ဝယ်ပြီးပြောင်းလာကြတာပဲ.ပြောင်းလာ
ကတည်းက ကိုဘပွားအဖေကြီးကရူးနေတာဗျ. ကိုဘပွားက
အိမ်ထောင်မရှိဘူးဗျ။ လူပျိုကြီး။ သူ့ညီ ကိုလှပွားက
အိမ်ထောင်နဲ့
သားသမီးတွေရှိတယ်.ညီအစ်ကိုတွေအလုပ်ကြလွှတ်လုပ်ကြတာဗျ။ ရပ်ရေးရွာရေးဆိုရင်တော့လည်းအမြဲ
ပါကြတာ.လူချစ်လူခင်လည်းပေါပါတယ်။
စိတ်ထားမကောင်းတဲ့လူတွေကတော့ သူတို့ကွယ်ရာမှာ
အရူးစံဖေကြီးသားတွေ
ဘာညာ နဲ့ပြောတာတော့ရှိတာပေါ့ဗျာ။
အဲ့ဒီနေ့ကနေကလည်းပူတော
မန်းကျည်းပင်အောက်က ကွပ်ပျစ်မှာထိုင်ပြီး အမေခိုင်း
ကျူပ်ဘယ်မှမသွားဘူး။ထားတဲ့ မြေပဲဆံထွတ်နေတယ်။
နဂါးဆေးပေါ့လိပ်လေးဖွာလိုက်။မြေပဲဆံလေးထွတ်လိုက်ပေါ့ဗျာ.
"ဟ တာတေ အလုပ်တွေ လွှတ်လုပ်နေတာကိုး"
ဝိုင်းပေါက်ကအသံကြားလို့ကျူပ် လှမ်းကြည့်လိုက်တယ်.
" ဟာ. ကိုဘပွားပါလား။ လာလေဗျာ"
မားမားရပ်နေတဲ့ကိုဘပွားက သူ့ခေါင်းက ဝါးဖတ်ဦးထုပ်ကို
ချွတ်ရင်းဝိုင်းထဲဝင်လာတယ်ဗျ။
"တာတေတို့အိမ်က ဒီမန်ကျည်းပင်ကြီးက
အရိပ်လွှတ်ကောင်းပါလားကွ"
ကျူပ်ထိုင်နေတဲ့ကွပ်ပျစ်မှာ ကိုဘပွားက
ဝင်ထိုင်ရင်းပြောလိုက်တယ်.
"ဟုတ်ပ . ဒါ့ထက်ကိုဘပွား
ကျူပ်တို့ထနောင်းကုန်းကိုလာခဲပါတယ် "
"အေးကွ.တာတေရလာခဲဆို
ယာလုပ်ငန်းကတစ်ဖက်.ရပ်ရေးရွာရေးကတစ်ဖက်။
သွက်သွက်ခါအောင်
ရူးနေတဲ့အဖေကတစ်ဖက်မို့လားကွာ "
" ဟုတ်တာပေါ့ဗျာ.
ကိုဘပွားတို့ညီအစ်ကိုကအဖေကြီးကိုတော်တော်ဂရုစိုက်ကြတာပါဗျာ။ဒါနဲ့ ဘိုးစံဖေကြီး
နေကောင်းရဲ့မဟုတ်လား "
"ဆးုံသွားပြီ တာတေရဲ့ "
"ဗျာ ဘယ်တုန်းကလဲ ကျူပ်ဖြင့်သတင်းမကြားရပါလားဗျာ "
"မနေ့က ရက်လည်တာကွ.
သတင်းမကြားဆိုရက်လည်းမထားဘူးလေကွာ.အားချင်းပဲသဂြိုဟ်လိုက်တာ "
"အို ဘာဖြစ်လို့တုံးဗျ "
" တာတေရ။ရွာထဲက လူတချို့က
သူတို့ရွာကိုငါတို့ပြောင်းလာတာ သိပ်မကြိုက်ကြဘူးကွ "
" ဟ ဘာလို့တုံး "
"အဖေက ရူးနေတာကိုးကွ။ သူတို့ရွာကို
အရူးပြောင်းလာတယ်ဆိုတော့ မကြိုက်ကြဘူးကွ။ အခုလည်း
အရူးသေတယ်
ဆိုတော့ အပြောအဆိုရှိတယ်လေ။ ဒါကြောင့်
မထားတော့ပဲချက်ခြင်း သဂြိုဟ်လိုက်တာ။သေမှတော့ ထားနေလည်းမထူး
တော့ပါဘူးကွာ "
" ဟုတ်ပါတယ် ကိုဘပွားရာ။
ခင်ဗျားတို့လည်းဒီအဖေကြီးပြုစုခဲ့တာ
နှစ်ပေါင်းမနည်းတော့ပဲကို "
" အနှစ်နှစ်ဆယ်တိတိပဲကွ တာတေရ "
ကိုဘပွားလည်းကျူပ်မီးညှိပြီးတည်ထားတဲ့ဆေးပေါ့လိပ်ကိုအားပါးတရဖွာနေတယ်။
" ဒါနဲ့ကိုဘပွား . ထနောင်းကုန်းကိုလာတာ
ဘယ်သူ့အိမ်ကိုတုန်း "
" ဘယ်သူ့အိမ်ကိုမှ
မဟုတ်ဘူးကွ.မင်းဆီကိုပဲသက်သက်လာတာ. "
" ဟင်.ဟုတ်လား.ကိုဘပွား ဘာကိစ္စများရှိလို့တုန်း"
"အေး.ကိစ္စကတော့နည်းနည်းရှင်းပြမှ မင်းသိမှာကွ"
"ဆိုပါဦး ကိုဘပွားရယ်.ဘာဖြစ်လို့လဲ"
ကျူပ်ကမေးလိုက်တယ်.ဒီတော့ကိုဘပွားတစ်ချက်ခေါင်းငြိမ့်ပြီး
မန်ကျည်းပင်ကြီးကိုတစ်ချက်မော့ကြည့်တယ်.
"အေး ဒီလိုကွ။တာတေရ . ငါတို့အဖေကြီးဦးစံဖေဟာ
တစ်သက်လုံးရူးနေတဲ့အရူးတစ်ယောက်ဆိုတာ
မင်းလည်းသိတာပဲလေ.
လူတွေအားလုံးလည်းဒီအတိုင်းသိကြတာပေါ့ကွာ.ဒါပမယ့်
အဖေမသေခင်အိပ်ရာထဲမှာဘုန်းဘုန်းလဲခဲ့တဲ့အချိန်
အရူးရောဂါပျောက်သွားပြီး ပြန်ကောင်းသွားကြတာကို
ဘယ်သူမှမသိလိုက်ကြဘူးကွ"
"ဟင် ဘကြီးစံဖေပြန်ကောင်းသွားတယ်ဟုတ်လား"
"အေး.ဟုတ်တယ် တာတေ"
"ဒါနဲ့ ဘကြီးစံဖေက ဘယ်တုန်းကရူးနေတာတုန်း"
" ငါဆယ်နစ်။ဆယ့်တစ်နှစ်မှာ ရူးသွားတာကွ"
"ဟင် ဟုတ်လား ဘကြီးစံဖေက
အစကဘာအလုပ်လုပ်တာတုံးဗျ"
"ငါရော.ငါ့အမေရော.ငါတို့တစ်ရွာလုံးသိထားတာက
ကုန်သည်ပေါ့ကွာ .တစ်ခါတစ်ခါ အောက်ပြည်
အထိဆင်းပြီးကုန်တွေရောင်းတယ်ကွ.အောက်ပြည်ကပြန်လာရင် ငါးပိတို့ငါးခြောက်တို့ယူလာပြီးရွာတွေကိုလှည့်
ရောင်းတယ်ကွ.အိမ်ကယာကလေးနည်းနည်းရှိတာကိုတော့
အမေကပဲဦးစီးပြီးလုပ်ရတာ"
" သြော် ကိုဘပွားတို့မိသားစု စီးပွားရေးပြေလည်မှာပေါ့နော်"
"လွှတ်ပြေလည်တာပေါ့တာတေရာ.ဒါပေမယ့် ငါတို့အဖေဟာ
ကုန်သည်မဟုတ်မှန်းကို အဖေသေခါနီးမှငါသိလိုက်
ရတာကြ"
" ငင့် ကိုဘပွားပြောတော့ကုန်သည်ဆို"
"အေး ကုန်သည်တော့ဟုတ်တယ် ဒါပေမယ့် ဟန်ပြအလုပ်ကွ
တကယ်လုပ်တာမဟုတ်ဘူး ဒီလိုကွ အဖေအရူးဘဝနဲ့
တစ်လျောက်လုံးမှာ မကြာခဏအော်ပြောနေတဲ့ လင်္ကာလိုလို
တဘောင်လိုလိုတစ်ခုရှိတယ်ကွ"
"ဟင် ဘာများတုန်းကိုဘပွားရဲ့"
" ဒီလိုကွာ.ဘာတဲ့ မန်ကျည်းပင်မြောက် ဆယ်လှမ်းလျောက်
စနိမာကိုရောက် စနိမာနောက် ဆယ်လှမ်းလျှောက်
အောင်ဗလကိုရောက် အောင်ဗလခေါင်း ခြောက်အိမ်ပြောင်း
ပွဲစားကိုကံကောင်းတဲ့"
"တိန် အာ့ ဘာတုန်းဗျ ကိုဘပွားရဲ့"
"အေး . ငါ့အဖေ ရူးပြီးလျောက်အော်နေတဲ့ဟာလေကွာ ရွာက
ကလေးတွေ အကုန်လုံးတောင်အလွတ်ရနေတာလေ
ကြားနေကြဆိုတော့ ဘယ်သူမှ
ဂရုမပြုကြတော့ဘူး.ငါတို့ကိုယ်တိုင်လည်း
ဂရုမပြုမိတော့ဘူးပေါ့"
"ဒါနဲ့ ဘကြီးစံဖေကဘယ်လိုကြောင့်ရူးသွားတာတုန်း"
"ကုန်တွေယူပြီးအောက်ပြည်ကိုသွားရောင်းတာပဲကွ
ငါ့အမေကလည်းအဖေ့ကိုသေပြီပဲထင်တာ.နှစ် နစ်လောက်
ကြာတော့မှ ဘကြီးစံငွေက မန်းတလေးမှာ
အဖေ့ကိုတွေ့တာနဲ့ပြန်ခေါ်လာတာ.ဘကြီးစံငွေဆိုတာအဖေ့
အစ်ကိုပေါ့.
အဖေကသွက်သွက်ခါအောင်ရူးနေတာ.ရွာကိုလုံးဝမပြန်တတ်ေ
တာ့ဘူး ဘကြီးနဲ့တွေ့လို့သာ အိမ်ပြန်ရောက်လာတာ
လူတွေပြောတာတော့
အဖေ့ကိုစုန်းပြုစားသလိုလိုပေါ့ကွာ.ဒါပေမယ့်
အဖြစ်မှန်ုကိုတို့ညီကို အဖေမသေခင်လေးသိ
လိုက်ကြတာ"
"ဆိုစမ်းပါဦးဗျာ"
ဆေးလိပ်ကိုဖွားရင်း ကိုဘပွားစကားကိုဆက်တယ်.
"အေးကွာ မင်းကိုဒီလိုပြောပြီး
တိုင်ပင်စရာရှိလာတော့လည်းပြောပြရမှာပေါ့တာတေရာ.ဒီလို
ကွ.အဖေမသေခင်ပြောပြ
တာကသူက ကုန်သည်
အစစ်မဟုတ်ဘူး.ကုန်သည်ယောင်ဆောင်ထားတဲ့ ဓားပြတဲ့ကွ"
"ဗျာ.ဓါးပြဟုတ်လား.ကိုဘပွား"
" ဟုတ်တယ်တာတေ.အဖေ့မှာအဖွဲ့ရှှိတယ်တဲ့
အင်မတန်ညီကြတာတ့.အားလုံး လက်ရဲဇက်ရဲ ရှိသလောက်
အနေအထိုင်လည်းပိရိကြတာဆိုပဲ.အမြဲတိုက်ကြတာမဟုတ်ဘူး
တဲ့ကွ.သေသေချာချာသတင်းထောက်လှမ်းပြီး
တစ်နှစ် နှစ်နှစ်ကိုတစ်ကြိမ်ပဲတိုက်ကြတာကွ.သူတို့အဖွဲ့က
အားလုံးငါးယောက်ရှိပြီး သူတို့ဗိုလ်ကတော်တော်ထက်မြတ်
တယ်ဆိုပဲကွ
"ဗျာ.ဓါးပြဟုတ်လား.ကိုဘပွား"
" ဟုတ်တယ်တာတေ.အဖေ့မှာအဖွဲ့ရှှိတယ်တဲ့
အင်မတန်ညီကြတာတဲ့အားလုံး လက်ရဲဇက်ရဲ ရှိသလောက်
အနေအထိုင်လည်းပိရိကြတာဆိုပဲ.အမြဲတိုက်ကြတာမဟုတ်ဘူး
တဲ့ကွ.သေသေချာချာသတင်းထောက်လှမ်းပြီး
တစ်နှစ် နှစ်နှစ်ကိုတစ်ကြိမ်ပဲတိုက်ကြတာကွ.သူတို့အဖွဲ့က
အားလုံးငါးယောက်ရှိပြီး သူတို့ဗိုလ်ကတော်တော်ထက်မြတ်
တယ်ဆိုပဲကွ"
"သြော်. ဒီလိုကိုး"
"အဲ့ဒါနဲ့ တစ်နေ့ကျတော့ သူတို့တွေမိုးကုတ်က
ကျောက်တွင်းသူဌေးအိမ်ကိုတိုက်တာ ပတ္တမြားတွေရော
ရွှေတွေရော တော်တော်
ကိုရလာခဲ့တယ်ကွ.သူတို့ဗိုလ်က
ဒါတွေကိုချက်ချင်းမသုံးဖို့ပြောသတဲ့။
ဒီလောက်များတဲ့ပစ္စည်းတွေကို ပုလိပ်ဘက်က ခြေရာချင်းထပ်
အောင်လိုက်မှာပဲ ဆိုတာသူတို့အားလုံးသိနေကြတယ်တဲ့။
ဒါနဲ့ပဲသူတို့အားလုံးတိုင်ပင်ပြီးမန္တ
္တလေးကသချိုင်းတစ်ခုမှာမြှုပ်ကြတယ်.
အဲ့ဒီသချိုင်းထဲက ပွဲစားကြီးဦးကံကောင်းရဲ့ ဂူကို ဖောက်ပြီး
ပစ္စည်းထုပ်ကိုထား
ခြေရာလက်ရာမပျက်အောင်ပြန်ပိတ်ခဲ့ဲကြသတဲ့.အဲ့ဒီ
နေရာကိုမမေ့အောင် ငါတို့အဖေ ကသူရွတ်ရွတ်နေတဲ့
လင်္ကာနဲ့မှတ်ထားတာဟေ့။ရူးသွားတော့ ပါးစပ်ကသာ
ဒီလင်္ကာကိုရွတ်နေတာ
ဘာအဓိပ္ပါယ်မှန်းသူ့ဘာသာတောင်မသိတော့ဘူးပေါ့ကွာ။
သူမသေခင်ပြန်ကောင်းသွားတော့မှ
ဒါတွေကိုသတိရပြီးပြောပြခဲ့တာကွ"
"သြော်..ဒီလိုကိုး..ဒါနဲ့ ဘကြီးစံဖေက
ဘာလို့သွက်သွက်ခါအောင်ရူးသွားရတာတုန်း"
"အဲ့ဒီညကပေါ့ကွာ.အဖေတို့ငါးရောက် ဂူဖောက်ပြီး
ဂူထဲကိုပစ္စည်းထုပ်ထည့်တယ်။ပြီးတော့
ဂူပိတ်ကြတယ်.ပြီးတော့မှ သူတို့ဗိုလ်က
ဂူကိုအမှတ်အသားလုပ်သတဲ့။အမှတ်အသားကတော့
မန်ကျည်းပင်မြောက် ဆယ်လှမ်းလျောက် စန္ဒိမာကိုရောက်
စန္ဒိမာနောက်ဆယ်လမ်း
လျောက် အောင်ဗလကိုရောက်.အောင်ဗလခေါင်း
ခြောက်အိမ်ပြောင်း ပွဲစားကိုကံကောင်း" တဲ့ကွ.
ဆိုလိုတာက
အဲ့ဒီသချိုင်းထဲမှာပင်စည်လူတစ်ဖက်မကကြီးတဲ့ထူးထူးခြားခြား
မန်းကျည်းပင်ကြီးရှိသတဲ့ . လှမ်းသွားရင် ဘုန်းကြီး စန္ဒိမာရဲ့
အုတ်ဂူရှိသတဲ့.အဲ့ဘုန်းကြီးဂူရဲ့ အနောက်ဘက်
ဆယ်လှမ်းအကွာမှာ
ကိုအောင်ဗလဆိုတဲ့လူရဲ့ဂူကိုရောက်မယ်.အဲ့ဒီကိုအောင်ဗလဂူ
ရဲ့
ခေါင်းရင်းဘက် ခြောက်ဂူမြောက်မှာ ပွဲစားကြီးဦးကံကောင်း ရဲ့
အုတ်ဂူရှိသတဲ့. အဲ့ဒီဂူထဲမှာ
ပစ္စည်းတွေရှိတယ်ဆိုတာကိုအမှတ်အသားလုပ်
ပြီးခေါင်းထဲစွဲအောင် မှတ်ကြတာကွ.ပြီးတော့မှသူတို့ငါးယောက်
ဂူကိုဝိုင်းပြီးတော့သစ္စာဆိုကြတယ်.ငါးယောက်သဘောတူမှ
ဒီပစ္စည်းတွေကို
အတူဖော်ယူကြဖို့ပေါ့ကွာ.ဒီလိုနဲ့သစ္စာဆိုနေကြတုန်းမှာသူတို့
နဲ့မလှမ်းမကမ်းက
တဟားဟားနဲ့ရယ်သံကြီးထွက်လာသတဲ့.အဖေလည်းကျက်သီး
တွေတဖျန်းဖျန်းထကုန်ရောတဲ့..ဟိုကြည့်သည်ကြည့်
ကြည့်ကြတော့အဖေကသွားတွေ့ရောတဲ့ဟေ့"
"ဟင် ဘာကိုတုန်းဗျ"
"အရပ်ကြီးအရှည်ကြီးနဲ့
ဂူကြီးတစ်လုံးပေါ်မှာမားမားကြီးရပ်နေတာတဲ့ကွ.ဆံပင်ဖားယားကြီးချပြီး မျက်လုံးနီနီကြီးတွေတဲ့.အဖေကကုန်သည်
ယောင်ဆောင်ပြီး
နယ်အနှံ့သွားနေတော့ကြားဖူးနားဝရှိတာပေါ့.အဲ့ဒီမှာတင်အဖေ
က တအားကြောက်သွားပြီး မဖဲဝါ မဖဲဝါ ဟိုမှာဟိုမှာ ဆိုပြီး
လက်ညှိုးနဲ့ထိုးပြတယ်.ကျန်တဲ့လေးယောက်က
လိုက်ကြည့်ကြပေမယ့်မမြင်ကြဘူးတဲ့ကွ.ဒါပေမယ့်
အဖေမေ့သွားတာတစ်ခုရှိတာက မဖဲဝါကိုတွေ့
ရင် လက်ညှိုးနဲ့မထိုးရဘူးတဲ့
တာတေရေ...ထိုးရင်သွက်သွက်ခါအောင်ရူးတယ်ဆိုပဲ"
"ဟာ...ဒါတော့မဟုတ်ပါဘူးဗျာ.ကျူပ်လည်းမဖဲဝါကိုတွေ့ဖူးပြီး
လက်ညှိုးနဲ့လည်းထိုးဖူးပါတယ်ဗျ"
"အေးလေ.မင်းကကံမြင့်နေလို့ဖြစ်မှာပေါ့ကွာ.အဖေကတော့
မင်းသိတဲ့အတိုင်းသွက်သွက်ခါအောင်ကိုရူးတော့တာပဲကွာ"
" နေပါဦးကိုဘပွားရဲ့
ဟို..ကျန်တဲ့လေးယောက်ကကော.ရူးသွားကြသလား."
"ဟာ မရူးဘူးကွ.သူတို့ကမဖဲဝါကိုမြင်ကြတာမှ
မဟုတ်တာ.ဒါပေမယ့် မဖဲဝါ ဘာလုပ်လိုက်တယ်မသိဘူးဟေ့ .
လူစိတ်ပျောက်ပြီးတစ်ယောက်နဲ့
တစ်ယောက်ဓါးနဲ့ထိုးကြတာ
လေးယောက်စလုံးသေကုန်ရောဆိုပဲကွ.မဖဲဝါကြီးကတော့
အဲ့အဖြစ်ကိုကြည့်ပြီး တဟားဟားနဲ့အော်ရယ်တာတဲ့ဟေ့.
အဖေလည်းကြောက်လန့်ပြီးထွက်ပြေးလိုက်တာ
ဘယ်ရောက်လို့ရောက်သွားမှန်းကိုမသိတာတဲ့ဟေ့.နောက်ဆုံး
တော့ဆက်မပြေးနိူ်င်ပဲ.
သတိလစ်ပြီးလဲသွားသတဲ့..သတိလည်းပြန်ရကော
ဘာမှမသိတော့ပဲသွက်သွက်လည်အောင်ရူးနေတော့တာပေါ့ကွာ.
"ဟာ ဖြစ်မှဖြစ်ရလေဗျာ."
ကိုဘပွားက ဆေးလိပ်ကို မီးပြန်ညှိ နှစ်ဖွာလောက်ဖွာပြီး
စကားဆက်တယ်.
"သူ့ရှေ့တင်အမေဆုံးတာလည်းသူမသိဘူး
မင်းတို့အမေမပန်းနူရောလို့မေးတယ်.ဆုံးပြီလို့ပြောတော့ဘ
ယ်တုန်းကလဲ မေးတယ်.ပြီးတော့ သူတို့မြှပ်
ထားတဲ့ပစ္စည်းတွေက
တော်တော်များတာလို့လည်းပြောတယ်ကွ.ပတ္တမြားအရိုင်းတွေ
ကော.သွေးပြီးသားတွေကောပါတယ်လို့ပြောတယ်.ဒါပေမယ့်
မသန့်စင်တဲ့ပစ္စည်းတွေမို့လို မလိုချင်ကြနဲ့လိုပြောတယ်ကွ"
"ဒီအကြောင်းတွေကိုကိုလှပွားကော သိသလား"
"ဟာ
သိတာပေါ့တာတေရ.တို့ညီအစ်ကိုနှစ်ယောက်လုံးကိုပြောပြတ
ာပေါ့ကွ."
"အင်း.အခုကိုဘပွား ကျူပ်ဆီကိုလာတာက ဘာအတွက်တုန်း"
"သချိုင်းထဲက ဂူထဲမှာ အလဟသဖြစ်နေတဲ့
ပစ္စည်းတွေကိုငါသွားယူချင်တယ် တာတေ.
ပြီးတော့ပစ္စည်းတွေက သန့်တယ်ပြောပြောမသန့်ဘူးပြောပြော
ငါ့အဖေ
တစ်သက်လုံးအရူးကြီးဖြစ်အောင်ရင်းနှီးလာခဲ့ရတာကွ.ဒီတော့
အဖေ့အစားငါသွားယူချင်တယ်."
"ကိုလှပွားကကော ဘာပြောတုန်း"
"လှပွားကတော့ဖျက်တာပေါ့ကွာ မသန့်စင်တဲ့ပစ္စည်း
ဘာညာပေါ့
သူကအားကြီးရိုးတာကွ.ပြီးတော့သိပ်ကြောက်တတ်တာ.ဒါပေမ
ယ့်ငါက ဒီကိစ္စကိုစိတ်အား
ထက်သန်နေတော့သူမဖျက်တော့ပါဘူးကွာ.ဒါပေမယ့်
အစ်ကိုတစ်ယောက်တည်းတော့မသွားနဲ့တဲ့
သူလည်းလိုက်မယ်ပြောတယ်.ပြီးတော့ အတွေ့အကြုံများ
တဲ့မင်းကိုလည်း
အကျိုးအကြောင်းပြောပြီးပါအောင်ခေါ်ခဲ့ပါလို့ပြောတယ်
တာတေရေ.ဒါ့ကြောင့်မင်းဆီကိုငါလာခဲ့တာကွ"
"သြော် ဒီလိုလား"
" ကိုဘပွားစကားဆုံးမှပဲ ကျူပ်ဇာတ်ရည်လည်တော့တာဗျို့
ဒါဆိုရင်ကျူပ်တို့မန ္တလေးကိုဘယ်တော့လောက်သွားဖြစ်မလဲ"
"လှပွားတို့နှမ်းတောင်တွေခါနေကြတယ်ကွ.အဲ့ဒီနှမ်းတွေအား
လုံးသိမ်းဆည်းပြီးရင်ကိစ္စတွေပြီးပါပြီ.ဒီတော့
လကုန်လောက်ဆိုသွားနိူင်ပါပြီ"
"ဗမာ လနဲ့ကျတောရောဘယ်လိုနေတုန်း"
"ဗမာလနဲ့ဆိုလကွယ်လောက်သွားကျမယ်ကွ.ဘာဖြစ်လို့လဲတ
ာတေရ"
"ကိုဘပွားကလည်းသချိုင်းမှာဂူဖောက်ရမှာလေ
လသာရက်ဆိုဘယ်ကောင်းမှာတုန်း
လမိုက်ရက်မှကောင်းမှာပေါ့ဗျ."
"အေးဟုတ်သား.ဒါကြောင့်လည်းလှပွားက
မင်းကိုအားကိုးပြီးလွှတ်လိုက်တာကိုးကွ.အေး
မင်းကောင်းသလိုသာစီစဉ်ကွာ ခက်တာက အဖေက
မန ္တလေးက ဘယ်သချိုင်းဆိုတာ
အတတ်မပြောခဲ့တာခက်တာ.အဲ့ကိစ္စကိုငါလည်းအတန်တန်မေး
ပါတယ်ကွာ.အဖက မှတ်ကိုမမှတ်မိတော့တာကွ.
မန်ကျည်းပင်ကြီးနဲ့အုတ်ဂူတွေပဲမှတ်မိနေတာ."
"အင်း
ခက်တော့လည်းခက်သားလားဗျာ.သူ့ခဗျာတစ်သက်လုံးရူးသွား
တာမလား.ဘယ်မှာလာပြီး
အကုန်မှတ်မိတော့မလဲဗျာ.ဒီလောက်မှတ်မိတာပဲ
အံ့သြစရာဖြစ်နေတာ
အင်းဟိုရောက်မှပဲကြည့်ပြီးစုံစမ်းကြတာပေါ့ဗျာ.ဒီလောက်နှစ်ေ
တွကြာရင် သချိုင်းအနေအထားပြောင်းသွားမှာရယ် ပစ္စည်းကို
လူတစ်ယောက်ယောက်ရသွားပြီလားဆိုတာရယ်ကိုတွေးပူတာ
ပါ"အေး.ဒါတော့ဘယ်တတ်နိူင်ပါ့မလဲတာတေရာ.တခြားသူရသွား
ရင်လည်းပြန်လာကြရုံပေါ့.ငါကတော့ဒီအတိုင်းတော့မေ့မပစ်လို
က်ချင်ဘူးကွာ"
"ဟာ.ဒါတော့ဟုတ်ပါတယ်ကိုဘပွားရဲ့.သွားတော့ရှာကြည့်သင့်
ပါတယ်.ရလာတော့လည်းကိုယ့်သဘောပေါ့ဗျာ.လှူသင့်တာလှူ
ပြောသလိုသချိုင်းမှာရတာပေါ့. ကိုဘပွား
အလကားဖြစ်နေမယ့်အစားရှာတော့ရှာသင့်တာပေါ့ဗျာ.
"အေး.ဒါဖြင့်ငါပြန်မယ်တာတေ.လှပွားလည်းမျှော်နေတော့မှာကွ
.ငါသုံးလေးရက်နေရင်ပြန်လာမယ်လေကွာ.အဲ့ကြမှလှပွားလည်း
ခေါ်ခဲ့မယ်.ဟိုမှာနေတဲ့
ရက်အတွင်းစားရေးသောက်ရေးအတွက်တော့မပူနဲ့နော်.ငါအား
လုံးစီစဉ်ခဲ့မယ်.ဒီအတွင်းမင်းလည်းစဉ်းစားထားလေကွာ"
ကိုဘပွားပြန်တော့
ညနေတောင်စောင်းနေပြီ.ကျူပ်လည်းကိုဘပွားပြောသွားတဲ့ကိ
စ္စကိုတော်တော်စိတ်ဝင်စားသွားတာဗျ.တာတေ့အကြောင်းကိုခ
င်ဗျားတို့လည်း
အသိပဲဗျာ.ဒီလိုကိစ္စမျိုးးဆိုရင် တာတေကစွန့်စားဖို့အသင့်ပဲဗျို့
ခါးမှာဝတ်ထားတဲ့ပုဆိုးကို အခုချက်ချင်းတောင်
ခါထောင်းထကြိုက်ပစ်လိုက်ချင်တာဗျ."
အဘနဲ့အမေကိုကျူပ်ကြိုပြောထားလိုက်တယ်.ကိုဘပွားတို့ညီ
အစ်ကိုနဲ့မန္တလေးကိုလိုက်သွားမယ့်အကြောင်းပေါ့ဗျာ.တစ်ပတ်
လောက်ကြာတော့
ကိုဘပွားကျူပ်ဆီကိုပြန်ရောက်လာတယ်.သူတို့နှမ်းသိမ်းတာအ
ားလုံးပြီးသွားကြောင်းနဲ့ ခရီးထွက်ဖို့အဆင်သင့်ဖြစ်ကြောင်း
ပြီးတော့ ကျူပ်လိုက်ဖို့သေချာလား လို့လာမေးတာဗျ။
သေချာရင်မနက်ဖြန်ကားလက်မှတ်မှာတော့မယ့်အကြောင်းလာ
ပြောတယ်.ကျူပ်ကလည်းအခုချက်ခြင်းထသွားချင်နေတဲ့ကောင်
ဆိုတော့ "ကျူပ်ကတော့ အဆင်သင့်ပဲ"လို့
ပြောလိုက်တာပေါ့ဗျာ.နောက်နှစ်ရက်ကြာတော့
ကျူပ်ရယ်.ကိုဘပွားတို့ညီအစ်ကိုရယ်
ခရီးစထွက်ခဲ့ကြတယ်.မန္တလေးရောက်တော့ ဘုရားကြီးဘက်က
ဘုန်းကြီးကျောင်းမှာတည်းကြတယ်.ကိုဘပွားတို့အသိဘုန်းကြီး
ပေါ့ဗျာ။ အဲ့ဒီမှာတည်းပြီး နေ့တိုင်း အပြင်ထွက်
သချိုင်းတွေလိုက်ရှာကြတာပေါ့.ခက်တာက ဘကြီးစံဖေက
ဘယ်သချိုင်းကဆိုတာ အတိအကျ
မမှတ်မိတော့လည်းခက်သားလားဗျာ။ ဘကြီးစံဖေ
ရူးနေတုန်းက အမြဲရွတ်နေတဲ့ တဘောင်လိုလို သိုက်စာကိုတော့
ကျူပ်စိတ်ထဲမှာ အမြဲရွတ်နေတာဗျ... "မန်ကျည်းပင်မြောက်
ဆယ်လှမ်းလျောက် စန္ဒိမာကိုရောက်
စန္ဒိမာနောက်ဆယ်လမ်းလျောက်
အောင်ဗလကိုရောက်.အောင်ဗလခေါင်း ခြောက်အိမ်ပြောင်း
ပွဲစားကိုကံကောင်း" ဟီး
ရွတ်လို့တော့အကောင်းသားနော့်.သချိုင်းရှာမတွေ့သေးတာက
ခက်နေတာ
ဗျ.မန်ကျည်းပင်လည်းရှာရ.အုတ်ဂူတွေလည်းရှာရ.တစ်ချို့ဂူေ
တွက ရေညှိတွေတတ်ပြီး မည်းနေလို့
မနည်းကိုပွတ်တိုက်ပြီးစာဖတ်ရတာ.တချို့ကြတော့
အင်္ဂတေတွေကွာနေကြလို့စာလုံးတွေပျက်နေပြီ.ဖတ်လို့ကိုမရ
တာဗျ.သုံးယောက်သားသချိုင်းကုန်းတစ်ခုပြီးတစ်ခုလိုက်ရှာနေ
တာနဲ့တစ်နေကုန်တော့တာပါပဲဗျာ.မနက်စောစောထပြီးစုံစမ်း
တယ်.ဒီနေ့တော့ကျူပ်တို့သုံးယောက်လုံးစိတ်ပျက်သွားကြပြီဗျို
့.ဘာဖြစ်လို့လဲဆိုတော့
မန္တလေးကသချိုင်းတွေလည်းကုန်ပြီလေ.
ဘကြီးစံဖေပြောထားတာတွေလည်းလုံးဝမတွေ့ဘူးဗျ."အစ်ကိုရာ စိတ်လျော့လိုက်ပါတော့ဗျာ။အဖေက
မသေခင်ပြန်ကောင်းတယ်ဆိုပေမယ့် စိတ်က
လုံးလုံးကောင်းတာဟုတ်ချင်မှဟုတ်မှာဗျ.
တစ်ချက်တစ်ချက်ပြန်ပြီးဖောက်သွားတာ
အစ်ကိုလည်းသိတာပဲလေ" ကိုလှပွားက သူ့အစ်ကိုကို
စိတ်လျော့ဖို့တောင်ပြောနေပြီ. ကိုဘပွားကတော့
ခေါင်းအမာသားဗျ.လျော့ချင်ပုံမရဘူး.ကျူပ်နဲ့ကိုလှပွား
တောင်သမန်အင်းက မယ်ဇဠီပင်တစ်ပင်အောက်ထိုင်နေတုန်း
ကိုဘပွား ထွက်သွားတယ်. "အစ်ကို ဘယ်တုန်း"
လို့ကိုလှပွားမေးလိုက်တော့... "ဒီနားတင်"
လို့ပဲပြောခဲ့တယ်.ကျူပ်နဲ့ကိုလှပွားလည်းကိုဘပွားကိုစောင့်လို
က်ကြတာညနေကိုစောင်းရောဗျို့။
ကိုလှပွားလည်းသူ့အစ်ကိုကိုစိတ်တိုပြီး ပါးစပ်က
ဗျစ်တောက်ဗျစ်တောက်ပြောနေရောဗျို့။နောက်တော့
ကိုလှပွားသုတ်သုတ် သုတ်သုတ်နဲ့ ပြန်ရောက်လာတယ်.
"အစ်ကို. ဘယ်သွားနေတာတုန်းဟ"
လို့ကိုလှပွားကခပ်ဆတ်ဆတ်မေးတော့တာပေါ့ဗျာ.
"ငါအကြံရလို့ကွ ။
သက်ကြီးရွယ်အိုတစ်ရောက်လောက်ကိုမေးမှရလိမ့်မယ်ထင်လို့
မြင်းလှည်းသမားတစ်ယောက်ကိုရအောင်ပေါင်းပြီး
အသက်ကြီးကြီး နှံ့နှံ့ စပ်စပ် အဘိုးကြီးတစ်ယောက်ကို
စုံစမ်းရတာပေါ့ကွာ..အဲ့ဒီမြင်းလှည်းသမားက အသက် ၉၀
ကျော်အဘိုးကြီးတစ်ယောက်ဆီလိုက်ပို့တယ်ကွ.အဘိုးကြီးနာမ
ည်က ဦးမြတဲ့ . တော်တော်လေးဗဟုသုတရှိပြီး
ဒီဒေသကိုနှံ့စပ်တဲ့လူကြီးကွ.
ငါကဥပါယ်တံမျဉ်နဲ့ပြောရတာပေါ့ကွာ.အဘိုးကြီးကတော်တော်
လေးစဉ်းစားပြီးမှ ပြောတယ်... ပွဲစားဦးကံကောင်းကို
သူသိတယ်တဲ့ မန္တလေးကမဟုတ်ဘူး အမရပူရကတဲ့.
ဦးကံကောင်းဆုံးတော့
အသုဘတောင်သူလိုက်ပို့သေးတယ်ဆိုပဲ...အမရပူရသချိုင်းမှာ
ပဲသဂြိုဟ်တာပါတဲ့.မန္တလေးမှာသဂြိုဟ်တာမဟုတ်ပါဘူးတဲ့ကွ"
... "ဟာ ဟုတ်လားကိုဘပွား ဒါဆိုရင် ကျူပ်တို့အမရပူရ
သချိုင်းမှာရှာရမှာပေါ့.ဘကြီးစံဖေကအမရပူရနဲ့မန္တလေးကိုအမှ
တ်မှားသွားတာဖြစ်မှာပေါ့ဗျာ.တစ်သက်လုံးစိတ်ရောဂါခံစားနေ
ရတာဆိုတော့လည်း
အမှတ်တွေလည်းလွဲလို့ရှိမှာပေါ့.မနက်ဖြန်ပဲ
အမရပူရကိုသွားကြတာပေါ့" ကျူပ်ကဝင်ပြောတော့မှ
ညီအစ်ကိုနှစ်ယောက်ကျေနပ်ပြီး
ဘုန်းကြီးကျောင်းကိုပြန်ခဲ့ကြတော့တယ်.နောက်နေ့ကျတော့
အိပ်ယာက ခပ်စောစောထပြီး
မြို့ကိုလာခဲ့ကြတာပေါ့ဗျာ..နေသိပ်မမြင့်ခင်
သချိုင်းထဲဝင်ခဲ့ကြတယ်.သုံးယောက်သား
ဟိုကြည့်သည်ကြည့်ပေါ့ဗျာ. "ဟာ ဟိုမှာ
မန်ကျည်းပင်ကြီးတစ်ပင်ဗျ.တော်တော်ကိုကြီးတာဗျို့လူနှစ်ဖက်
စာလောက်ရှိမှာဗျ".ကိုဘပွားတို့ညီအစ်ကိုလည်း
ကျူပ်ပြောတဲ့ဘက်ကိုကြည့်ကြတာပေါ့။
"ဟုတ်တယ်ဟေ့တာတေရေ.ကဲလာ
အဲ့အပင်ကြီးဆီကိုသွားကြရအောင်." ကိုဘပွားက ဦးဆောင်ပြီး
ရှေ့ကသွားတယ်ဗျ.ကျူပ်နဲ့ကိုလှပွားနဲ့လည်း
နောက်ကလိုက်ရတာပေါ့။ မန်ကျည်းပင်ကြီးဆီရောက်တော့
ကျူပ်နဲ့ကိုလှပွားက
မန်ကျည်းပင်ကိုလက်နဲ့ဟိုဘက်သည်ဘက်
ဖတ်ကြည့်ကြတယ်ဗျ.ယောက်ျားနှစ်ဖက်တောင်
ကျော်သေးတယ်ဗျို့။ "ကဲ.ကျူပ်တို့ရှာကြစို့ဗျာ.
မြောက်ဘက်ကို ဆယ်လှမ်းလျောက်ပြီဗျို့
...တစ်လှမ်း------- ကိုးလှမ်း။
ဆယ်လှမ်း ရောက်ပြီးဂူကြီးတစ်လုံး
စာတွေတောင်ပျက်နေပြီဗျ"ကျူပ်ကအနားက ခြုံတွေထဲက
သစ်ပင်တစ်ပင်ကိုချိုးပြီး စာလုံးပေါ်က ဂျေးတွေကို
ခြစ်ချလိုက်တယ်.ဟောပေါ်လာပြီ. ဦစန္ဒိမာ.သက်တော် ၈၀ .
ဝါတော် ၄၂ အင်း. ဘုန်းကြီး ဂူသွင်းတာတော့ ရှားသားဗျ.
ကျူပ်လည်းဝမ်းသာအားရ လှမ်းပြောလိုက်တယ်."ဟုတ်ပြီဗျို့
ဒါဦးစန္ဒိမာအုတ်ဂူပဲ အစတော့တွေ့သွားပြီ
ကိုဘပွား"....."အေးဟုတ်ပြီဟေ့တာတေ.
စန္ဒိမာနောက်ဆယ်လှမ်းလျှောက်တဲ့ကွ" ......
"ဟုတ်ပြီဟုတ်ပြီ.ဦးစန္ဒိမာ ဂူရဲ့ အနောက်ဘက်
တစ်လှမ်း.နှစ်လှမ်း-----------------------" "ဦးအောင်ဗလ
အသက် ၆၀ တဲ့တာတေရေ." ကျူပ်ခြေဆယ်လှမ်းအရောက်
တွေ့ရတဲ့ဂူပေါ်က ကမ္ဗည်းစာတန်းကို
ကိုဘပွားကအသံကျယ်ကျယ်နဲ့ဖတ်လိုက်တယ်.
"အောင်ဗလခေါင်း
ခြောက်အိမ်ပြောင်းပွဲစားကိုကံကောင်းတဲ့ဟေ့" .. "ဟုတ်ပြီ။
ဦးအောင်ဗလရဲ့ဂူ ခေါင်းရင်းဘက်ကို လျောက်မယ်. ကဲ
တစ်ဂူ.....ငါးဂူ. ဟော ဒါခြောက်ဂူမြောက် ကဲ့ကြည့်စမ်းဗျာ
ဘယ်သူတဲ့တုန်း" ......... " ဟာ ပွဲစားကြီးဦးကံကောင်းအသက်
၇၀ တဲ့ကွ . တွေ့ပြီကွ.တွေ့ပြီ"
ကိုဘပွားတို့ညီအကိုမျက်နှာတွေ ဝင်းသွားကြတယ်.
ကျူပ်ကပွဲစားကြီး
ရဲ့ဂူကိုတစ်ပတ်လှည့်ကြည့်တယ်.ဒီဂူကိုဘကြီးစံဖေတို့အဖွဲ့
ဘယ်နေရာကဖောက်ပြီးပစ္စည်းထည့်ထားလဲဆိုတာကိုပေါ့.အခု
ထိတော့ ဂူကခြေရာလက်ရာမပျက်သေးဘူးဗျ.တစ်ယောက်ယောက်ဖော
က်ထားပုံမပေါ်သေးတော့ ဝှက်ထားတဲ့ရတနာတွေ
ရှိနေနိူင်သေးတာပေါ့ဗျာ.။ " တာတေ
တို့အလုပ်ဘယ်တော့လုပ်မလဲ" ကိုဘပွားမေးတယ်ဗျ.
ကိုလှပွားလည်း
ကျူပ်ပြောမှာနားထောင်နေတယ်လေ."ဒီညပေါ့ကိုဘပွား.ဒီည
လမိုက်တယ်လေဗျ.ဒါမှ အလုပ်လုပ်လို့ကောင်းမှာဗျ" ...
"အေးကောင်းပြီ.ဒါဆိုတို့အခုမန္တလေးသွားပြီး
လိုအပ်တာဝယ်ကြရအောင်" ကျူပ်တို့လည်း
ဂူအခြေအနေ.သချိုင်းအနေအထား.ဝင်လမ်းထွက်လမ်း.သစ်ပင်
အမှတ်အသား အားလုံးမှတ်သားကြပြီးပြန်လာကြတယ်.
မန္တလေးရောက်တော့ လိုအပ်တဲ့
ပစ္စည်းတွေဝယ်ရတာပေ့ါဗျာ.အားလုံးစုံအောင်ယူလို့အမရပူရ
ထွက်ခဲ့ကြတယ်.ဒီလိုနဲ့ သချိုင်းကိုရောက်တော့
ညရှစ်နာရီထိုးနေပြီဗျ.ကြယ်ရောင်လေးတွေကိုအားပြုပြီးကျူပ်
တို့သုံးယောက်
ထိုင်ပြီးငြိမ်နေကြရတာပေါ့ဗျာ.အချိန်ကစောနေသေးတာကိုး.တ
စ်စပြင်တစ်ခုလုံးတိတ်ဆိတ်နေတယ်.တစ်ချက် တစ်ချက်
လေအေးကြီးကတိုက်နေတယ်.လေအဝေ့မှာ အမှောင်ထဲက
သစ်ပင်တွေက
နာနာဘာဝတွေလမ်းလျောက်နေသလိုထင်ရတယ်ဗျ.တစ်ချက်
တစ်ချက်ကျရင် သစ်ပင်မှာကပ်နေတဲ့ ပိုးစုန်းကြူး လေးတွေ
တလက်လက်ဖြစ်နေတာကိုတွေ့ရတယ်ဗျ။
သချိုင်းထဲမှာငြိမ်ပြီးထိုင်နေတော့ ကျက်သီးတွေ
တဖျန်းဖျန်းထနေတာဗျို့ .. ကျူပ်ရော
ကိုဘပွားတို့နှစ်ယောက်ကော တောင်ကြည့်မြောက်ကြည့်
လျောက်ကြည့်နေတာဗျ.ဒီလိုနဲ့ သန်းခေါင်းကြက်တွန်သံ
ကြားလိုက်ကြတယ်.။ "သန်းခေါင်ကြက်တွန်ပြီကွ တာတေ" ....
"ဟုတ်တယ် ကိုဘပွား လုပ်ငန်းစကြစို့" ပြောပြောဆိုဆိုနဲ့
ကျူပ်က အိတ်ထဲက စွပ်ကျယ်တစ်ထည်ကိုထုတ်ပြီး
လက်နှိပ်ဓါတ်မီးကို အုပ်ပတ်လိုက်တယ်.ဒီတော့မှ
အလင်းရောင်ကဝပ်သွားတယ်ဗျ။ ပြီးတော့မှ
သံစို့နဲ့တူကိုယူတယ်.သံစို့ကြီးကိုလည်း
စွပ်ကျယ်တစ်ထည်နဲ့ပတ်လိုက်တယ် ဒါမှတူထုရင်အသံမ
မြည်မှာကိုး.။ "ကဲကိုလှပွားက
ကျူပ်ကိုမီးထိုးပြဗျာ.ကျူပ်တို့ဂူခြေရင်းကဖောက်မယ်.
ဘကြီးစံဖေတို့ဖောက်ပြီးပစ္စည်းထုပ်ထည့်တာ
ခြေရင်ကပဲဖြစ်လိမ့်မယ်ထင်တယ်."ကိုလှပွားကမီးကိုခပ်အုပ်အုပ်ထိုးပြထားတယ်.ခြုံပုတ်တွေကွယ်နေပြီးတော့
ကျူပ်တို့ဖောက်မယ့်ဂူဘေးမှာအခြားဂူတွေလည်းကွယ်နေတော့ တော်တော်လုံခြုံပါတယ်. "ဝူးးးးးးးးးး ဝူးးးးးးး" ကျူပ်က
သံစို့ကိုဂူမှာထောက်လိုက်ပြီး
တူနဲ့ထုဖို့ပြင်ရုံရှိသေးတယ်.သစ်ပင်အုပ်အုပ်ကြီးတွေဘက်က
ဆွဲဆွဲငင်ငင် ခွေးအူသံကြီးတစ်သံထွက်လာကောဗျာ.ဟိုညီကိုတော့မသိဘူး.
ကျူပ်တော့ ကျက်သီးတွေ ဖျန်းခနဲ ထသွားတယ်ဗျို့
သူတို့လည်းဟိုကြည့်သည်ကြည့်ကြည့်နေကြတယ်ဗျ.။
ကျူပ်လည်း ဘာမှ စဉ်းစားမနေတော့ပဲ လုပ်စရာရှိတာသာ
ဆက်လုပ်လိုက်တယ်။ " ဒုတ် ဒုတ် ဒုတ် ဒုတ် "
အဝတ်ပတ်ထားတဲ့ သံစို့ပေါ်
တူနဲ့ခပ်ဆတ်ဆတ်ထုလိုက်တယ်. အင်္ဂတေစတွေဖွားခနဲ
ဖွားခနဲ လွင့်ထွက်လာတယ်. "ဝူးးးးးးးးးး ဝူးးးးးးး"
ခွေးအူသံကြီးကကျူပ်တို့ဘက်ကိုနီးလာသလိုပဲဗျ.ကျူပ်ဆိုတာ
ဆံပင်တွေတောင်ထောင်သွားသလိုပဲဗျို့ " ဒုတ် ဒုတ် ဒုတ် ဒုတ်
" ကျူပ်လည်းတူကို ခပ်မြန်မြန်ထုလိုက်တယ်. "ဝူးးးးးးးးးး ဝူးးးးးးး"
ဒီတစ်ခါခွေးအူသံက
ကျူပ်တို့နဲ့ကပ်ပြီးထွက်လာတာဗျ.အလွန်ဆုံးကွာမှ
ဂူသုံးလေးလုံးလောက်ကဗျ. ကျူပ်လည်း
သံစို့ကြီးယောင်ပြီးလွှတ်ချလိုက်တယ်.ကိုဘပွားက
ကျူပ်တို့ပါလာတဲ့ဂေါ်ပြားကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး
ကျူပ်တို့သုံးယောက် စလုံးပြိုင်တူထရပ်လိုက်ကြတယ်.
ဟိုကြည့်သည်ကြည့်လျောက်ကြည့်ကြတာပေါ့.။
"ဟာ...ဟို.ဟိုမှာ" ကိုလှပွားပြောတဲ့ဘက်ကို
ကျူပ်တို့ကြည့်လိုက်ကြတယ် "ဟာ.မဖဲဝါကြီး" ကျူပ်ပါးစပ်က
လှစ်ခနဲထွက်သွားတယ်.ကျူပ်တို့တောင်ဘက်က
သုံးဂူကျော်မှာတွေ့တာဗျ.ဂူပေါ်မှာ ဆံပင်ဖားယား
ချပြီးမားမားကြီးရပ်နေတာဗျ.အရပ်ကြီးက
ဆယ်ပေလောက်ရှိမယ်ထင်တယ်. ကြယ်ရောင်နဲ့ဆိုတော့
မှောင်ထဲမှာသဲသဲကွဲကွဲ
မမြင်ရဘူူးပေါ့.မျက်လုံးနီနီကြီးတွေကပြူးထွက်နေတယ်။ ... "ဒါ
ငါတို့ပစ္စည်း ငါ့အဖေပစ္စည်း ငါလာယူတာ မနှောင့်ယှက်နဲ့ "
ကိုဘပွားပြောလိုက်တာဗျို့.
ကျူပ်တောင်အံ့အားသင့်သွားတယ်. "ဟီးးဟီးးးးးးးးးးးးးးးးး"
မဖဲဝါကြီးရဲ့ ရယ်သံကြီးထွက်လာတာဗျ. ကျူပ်ဖြင့်
အဲ့ဒီအသံကြားလိုက်တာနဲ့
ဆံပင်တွေထောင်ကုန်ရောဗျို့.ကိုလှပွားက
နောက်ကိုဆုတ်သွားတယ်. " ဟီးးးးး.
ငါ့သချိုင်းရောက်ရင်ငါ့ပစ္စည်း ဒီသိုက်က ငါ့သိုက် မ ဖဲ ဝါ သိုက်
ခုထွက်သွားကြ.........ဟီးးးးးးးးး" အသံကြီးကဝါးဝါးကြီးဗျ.
ကျူပ်ကိုဘပွားကိုလက်ကုပ်လိုက်တယ်. "ပြေးကြစို့ကိုဘပွား"
... "မပြေးဘူး တာတေ.ဘာလို့ပြေးရမှာလဲ ငါ့အဖေရဲ့ပစ္စည်းကွ
.ဒီကောင်မကြီးနဲ့ဘာမှမဆိုင်ဘူး.ဒင်းကိုငါလုပ်မယ်.ငါ့အဖေလည်းသူ့ကြောင့်ရူးရတာ" ...... "ဗျာ"
ကျူပ်ဘာပြန်ပြောရမှန်းမသိခင် ကိုဘပွား လက်ထဲက
ဂေါ်ပြားကိုကျစ်ကျစ်ပါအောင်ကိုင်ရင်းမဖဲဝါကြီးဆီ
ပြေးသွားတော့တာပဲဗျို့ ဟာ.ကိုဘပွား
ဂေါ်ပြားကြီးကိုလွှဲလိုက်ပြီ.လွှဲလိုက်ပြီ.လွှဲလိုက်ပြီ. ခုတ်ပြီ.
ခုတ်လိုက်ပြီဗျို့. "ဟာာာာ" ကိုဘပွားခုတ်တဲ့ဂေါ်ပြားက
မဖဲဝါကိုထိပေမယ့် လေကိုခုတ်လိုက်သလိုပဲ ဝှီးခနဲ
မြည်သွားတာပဲရှိတယ်. ကျူပ်ရောကိုလှပွားကော
နောက်ဆုတ်ပြီး ခြေလှမ်း ငါးလှမ်းလောက်ပြေးလိုက်ကြတယ်.
ဟာ.ခုတ်နေပြန်ပြီဗျို့ ကိုဘပွားက ဂေါ်ပြားကို သူ့ခေါင်းပေါ်မှာ
ဝှီးခနဲ မြည်အောင်လွှဲပြီး
မဖဲဝါကိုလိုက်ခုတ်နေတာဗျို့.မဖဲဝါကလည်း ဂူပေါ်မှာ
ခါးထောက်ပြီး စိမ်းစိမ်းကြီးကြည့်နေတာ." အစ်ကို မလုပ်နဲ့"
ကိုလှပွားအော်သံက သချိုင်းတစ်ခုလုံးလွှမ်းသွားတာဗျ။
"ဝူးးးးးးးးးးးးးးးးးးးးးး"
ခွေးအူသံကမဖဲဝါကြီးရပ်နေတဲ့ဂူဘေးကထွက်လာတာဗျို့.ကိုဘ
ပွားကတော့လူစိတ်ပျောက်သလို မဖဲဝါကို
ဂေါ်ပြားကြီးနဲ့လိုက်ခုတ်နေတယ်.တစ်ချက်
မဖဲဝါကိုဂေါ်ပြားနဲ့တအားလွှဲအခုတ်မဖဲဝါရပ်နေတဲ့ ဂူပေါ်ကို
တည့်တည့်ကြီးစိုက်ကျသွားတယ်ဗျ.ဟာ.မဖဲဝါ လက်ဝါးကြီးနဲ့
ကိုဘပွားကျောကုန်းကိုရိုက်လိုက်တာဗျို့။
တစ်ချက်.....နှစ်ချက်.....သုံးချက်.ဟာ
သွားပြီး.ကိုဘပွားကြီးကျောကြီးကောပြီးလဲကျသွားပြီ. ဟော
မဖဲဝါကြီးလည်းပျောက်သွားပြီဗျ.ဒီတော့မှ
ကျူပ်တို့ပြေးပြီးကိုဘပွားကိုပွေ့ထူလိုက်ကြတယ်.ကိုဘပွားပါးစ
ပ်ကသွေးတွေဒလဟော စီးကျနေတယ်ဗျ.တစ်ကိုယ်လုံးလည်း
တဆတ်ဆတ်နဲ့ အကြောတွေဆွဲနေတယ်. "အကို အကို.."
ကိုလှပွားသူ့အစ်ကိုကိုခေါ်ရင်းအသံတိမ်သွားတယ်.
ကိုဘပွားငြိမ်သွားပြီ.ကျူပ် ဓါတ်မီးယူပြီးထိုးကြည့်လိုက်တော့
မျက်လုံးကြီးပျူးထွက်ပြီး အသက်မရှိတော့ဘူးဗျ.။ "ဟာ.
အစ်ကို...... အစ်ကိုရာ." ကိုလှပွား ချူံးပွဲချငိုတော့တာပဲ.
ကျူပ်လည်း ဘာဆက်လုပ်ရမယ်မသိတော့လို့ မဖဲဝါကို
လိုက်ရှာကြည့်တယ်.
မတွေ့တော့ဘူးဗျ.ခွေးအူသံကြီးလည်းပျောက်သွားတယ်.ကိုဘ
ပွားတစ်ယောက်တော့ သေနေပြီ. မနက်မိုးလင်းရင်
ရဲတွေရောက်လာမှာသေချာတယ်.ကျူပ်တို့ဒီကိစ္စအတွက်ဘယ်
လိုလုပ်မလဲ.ကျူပ်ချွေးပျံလာတယ်.အခုဆိုတစ်နာရီလောက်ရှိပြီ
ဗျ. ကိုလှပွားနဲ့ကျူပ်တိုင်ပင်ကြတယ်.ကိုဘပွားအလောင်း
ရွာထဲရောက်အောင်သယ်ဖို့က
ဘယ်လိုမှမဖြစ်နိူင်တော့ဘူး.ဒီတော့ ဒီတိုင်းထားခဲ့မလား
သဂြိုဟ်ခဲ့မလားပေါ့။ နောက်ဆုံးတော့
သူ့ညီကိုလှပွားသဘောတူတာနဲ့ ကျင်းနက်နက်တူပြီး
ကိုဘပွားကြီးကိုကျကျနန သဂြိုဟ်ခဲ့ကြတယ်.ပြီးတော့မှ
ခြေရာလက်ရာဖျောက်ပြီး
ရွာကိုတန်းပြန်ခဲ့ကြတယ်.ရွာရောက်တော့ ကိုဘပွားပိုးထိပြီး
ဆုံးတယ်ဆိုတဲ့
အကြောင်းသတင်းလွှင့်ပြီးသက်ပျောက်ဆွမ်းသွတ်ကြရတယ်.ကျူပ်လည်းရက်လည်တော့ရွာကိုပြန်ခဲ့ရတာပေါ့ဗျာ.ရွာနီးချုပ်စပ်
ကလူတွေကကော
ပိုးထိပြီးဆုံးတယ်ပဲသိထားကြတာပေါ့.မဖဲဝါရိုက်သတ်လို့သေတာတော့ ကျူပ်ရယ်.ကိုလှပွားရယ်ကလွဲ ဘယ်သူသိမှာတုန်းဗျ.
အဲ ခုတော့ ခင်ဗျားလည်းသိသွားပြီပေါ့ဗျာ။
😃😃😃😃😃😃😃😃😃😃
ပြီပါပြီ


Comments
Post a Comment