လူခြောက်မယား တတိယပိုင်း

လူခြောက်မယား

တတိယပိုင်း

'သမီးမယ်ဆင့် အဘက မောင်ဒီပရဲ့ အဘပါ

ထနောင်းကုန်းကလာတာကပါ ။ အဘသားနဲ့သမီးနဲ့

မေတ္တာမျှနေကြတယ်ဆိုတာ ဟုတ်သလားကွယ်'

လို့ မေးတော့  မယ်ဆင့်ကမဆိုင်းမတွဘဲ ဟုတ်ကြောင်း

ပြောသတဲ့ တာတေရေ။ဒါနဲ့ ဒီပပြောတာတွေ

ဟုတ်မဟုတ်ဖြည်းဖြည်းချင်းမေးတော့ မယ်ဆင့်ကလည်း

ဟုတ်ကြောင်းပြောတယ်။ဒါနဲ့ပဲ ဥသြတို့လင်မယားကို

အကြောင်းစုံပြောပြပြီး စီစဉ်ရတာပေါ့ဟယ်။

နင်ကိုကြီးဒီပက ကိုဖိုးဆန်းကိုရော

ငါ့ကိုပါ အိပ်မက်ပေးတယ်။

'အမေ…ကျုပ် အတိတ်က ပြုခဲ့တဲ့ ကုသိုလ်ကံတွေ

ကောင့်မြေကြီးထဲမှာ မြှုပ်ထားတဲ့ပိုင်ရှင်မရှိတဲ့

 ရွှေသိုက်တစ်ခုရထားတယ်။

ငါးဆယ်သားကိုမယ်ဆင့်အတွက် တင်တောင်းပေးပါ။

ကျန်တာတွေကို အဘနဲ့အမေ ယူကြပေါ့။

နောက်လည်း လိုချင်ရင် ကျုပ်သွားယူပေးပါ့မယ်'

လို့ ပြောတယ်ဟဲ့ အိပ်ရာကနိုးတော့ တို့အိပ်ရာဘေးမှာ

တကယ်ကို ရွှေထုပ်ကြီး ရောက်နေတာဟေ့

ချိန်ကြည့်တော့ ခုနှစ်ဆယ့် ငါးကျပ်သား ရှိတယ်

မယ်ဆင့်ကို တင်တောင်းဖို့ငါးဆယ်သား

 ဖယ်ထားလိုက်တယ်

ရုံးထောင့်ကဥသြတို့ လင်မယားက မယ်ဆင့်ရဲ့မိဘတွေ

နဲ့ညှိနှိုင်းပြီးတာနဲ့ ငါတို့သွားပြီ မယ်ဆင့်ကို

 တောင်းတယ်"

"အဲဒီတုန်းက ကိုကြီးဒီပရောပါလား အရီးရဲ့"

"ဟဲ့ ပါတာပေါ့ တာတေရဲ့ သူကို မိန်းမတောင်းပေးတဲ့

ဟာ သူမပါလို့ ရမလားဟဲ့"

"ဒါပေမဲ့ သူ့ကိုတော့ ဘယ်သူမှ  မမြင်ရဘူပေါ့ အရီးရဲ့"

"ဘယ်သူမှ မမြင်တာတော့ မဟုတ်ဘူး တာတေရ

မယ်ဆင့်ကတော့ မြင်ရတယ်ဟဲ့ လူကြီးတွေကို

ကန်တော့တော့ မယ်ဆင့်က ပြောတာဟေ့

'ကိုဒီပ … အဖေနဲ့အမေကိုကန်တော့ရအောင်'တဲ့။

အဲဒီလို ပြောပြီးတာနဲ့ ငါတို့ကိုကန်တော့ကြတယ်

ပြီးတော့…'ကိုဒီပ မယ်ဆင့်မိဘတွေကိုကန်တော့

ရအောင်'လို့မယ်ဆင့်က ပြောပြီး ကန်တော့ကြတယ်

အရီးတို့မိဘတွေကတော့ မယ်ဆင့်တစ်ယောက်ပဲ

မြင်တာပေါ့ဟယ် ဒါပေမဲ့ ရုံးထောင့်က လူကြီးတွေက

အကြောင်းစုံ သိသွားကြတော့မေးတယ်

'လုံမလေးမယ်ဆင့် မောင်ဒီပကို မြင်ရသလား'တဲ့

 မယ်ဆင့်က လူကြီးတွေ ရှေ့မှာပဲပြန်ဖြေတယ်။

'ကျမ ကိုဒီပကို မြင်ရပါတယ် ဘိုး'

'အေး အေး ဘဝတွေများ တယ်လည်းဆန်းကြယ်ပေ

တာကိုးလုံမလေးရယ် ။ဘဝရေစက်တွေ ပါလာခဲ့လို့

လည်းခုလို ဆုံဆည်းပြီးပေါင်းဖက်ရတာပေါ့လေ။

သူများတွေ မြင်ဖို့မမြင်ဖို့က အဓိကမဟုတ်ပါဘူးလေ

လုံမလေးတို့ချင်း မြင်တွေ့ကြရင် ပြီးတာပါပဲကွယ်'လို့

ရုံးထောင့်က လူကြီးတွေက ပြောပြီး…

'မောင်ဒီပလည်း လင့်ဝတ္တရားငါးပါးနဲ့အညီ

နေထိုင်ပေါ့ကွယ် မယ်ဆင့်ကလည်း

မယားဝတ္တရားငါးပါးကျေအောင် နေကွဲ့ လုံမလေးရဲ့။

မောင်ဒီပကလည်း ဇနီးမယားဆိုပေမယ့် မယ်ဆင့်ကို

ညီမလေးလိုလည်း စောင့်ရှောက်ပေါ့ကွယ်'

လို့ ဆုံးမစကားတွေ ပြောတယ် တာတေရေ။

အရီးတို့လည်း မယ်ဆင့်ကို

တစ်ပါတည်းခေါ်လာခဲ့တာပေါ့ဟယ်။

သူတို့နှစ်ယောက်ကို တခမ်းတနား

 မင်္ဂလာဆောင်ပေးချင်ပေမယ့်ဘယ်လိုမှ မဖြစ်နိုင်တော့

 နင့်ဘထွေးလည်းစိတ်လျော့လိုက်ရတာပေါ့

တာတေရယ် ။ဒါနဲ့ပဲ ဆရာတော်ကျောင်းမှာ ဆရာတော့်

ကိုအကျိုးအကြောင်းလျှောက်ပြီး

မင်္ဂလာဆွမ်းကပ်ရတာပေါ့လေ။

ဆရာတော်က ဒီပ ကိုငယ်ငယ်ကတည်းက

ကိုရင်ဝတ်ပေးပဉ္ဇင်းတက်ပေး လုပ်လာတာဆိုတော့

အခုတစ်ခါမင်္ဂလာဆွမ်းကပ်တာကိုလက်ခံပြီး

ဆုတောင်းပေးတာပေါ့လေ"

"ဒါနဲ့ နေပါဦး အရီးရဲ့ ကိုကြီးဒီပနဲ့ မမယ်ဆင့်တို့

စကားတွေ ဘာတွေ ပြောနေဆိုနေကြတာကိုရော

အရီးတို့တွေ့ဖူးကြသလား"

"ဟာ…တွေ့ဖူးတာပေါ့ တာတေရဲ့။

တစ်အိမ်တည်းနေကြတာဟာ

ဒါပေမဲ့ မယ်ဆင့်တစ်ယောက်တည်းပြောတာပဲ

တို့ကြားရတာပေါ့ တာတေရယ်"

"ဒါဆိုရင် သူတို့ချင်းတော့ တွေ့ရမြင်ရတာ

သေချာပေါ့ဗျာ"

"တခြားလင်မယားတွေလိုပဲ ပြောဆိုနေကြတာပါဟယ်

တစ်ခါတလေလည်း လင်ကစဟယ်နောက်ဟယ်

လုပ်တယ်ထင်ပါရဲ့ဟယ် မယ်ဆင့်ကတခစ်ခစ်နဲ့

ရယ်လို့ဟဲ့"

"ဟား  ဟား  ဟား  အရီးမယ်သုံတို့လည်း

အထူးအဆန်းတွေ ကြုံကြရတာပဲနော်

သြော် …ဒါနဲ့ ကိုကြီးရူပက မြို့ပြောင်းသွားတာ

အဆင်ပြေနေလား အရီးရဲ့"

"ပြေတယ်ဟေ့ ရူပက မြို့မှာ တစ်သွေးတစ်မွေးကို

ဖြစ်လိုဟဲ့ နင်ကိုကြီးရူပက အခုထက်ထိ

အိမ်ထောင်မပြုသေးဘူးဟဲ့ စီးပွားပဲရှာနေတာ

တာတေရေ"

ကျုပ်မေးသမျှစပ်စုသမျှကို အရီးမယ်သုံက

အခုလိုပဲ စိတ်ရှည်လက်ရှည်ပြောပြတာဗျ။

XXXXX

အညာဆောင်းဗျ။ခိုက်ခိုက်တုန်အောင် ချမ်းတဲ့လပေါ့ဗျာ။

ဒီနေ့တော့ ယာထဲလည်းဆင်းစရာမရှိတာနဲ့

ကျုပ်က စောင်ခြုံပြီး အညာသားစည်းစိမ်

လုပ်နေတော့တာပေါ့ဗျာ။

"တာတေ နိုးနေပြီလား။  နိုးရင်ထတော့

အရင်တော့်ကျောင်းကို ဆွမ်းချိုင့်ပို့ရမယ်

 ကြားလားတာတေ"

"အမေ ဘာဟင်းချက်ထားလို့တုံးဗျ"

"ဟဲ့  မနေ့က မီးလောင်ကုန်းက လုံးကြည်

လာပို့တဲ့ ဝက်သားချက်လို့ဟဲ့။ဆရာတော်

ကျောင်းတောင် ဆွမ်းချိုင့်မပို့တာကြာနေလို့

မနေ့ကတော့ နှစ်ပိဿာယူထားလိုက်တာ

ထတော့ မျက်နှာလေး ဘာလေးသစ်

ထမင်းဆာရင်လည်းစား"

"ထမင်းကြမ်းကျန်လို့လား"

"ဟဲ့ ကျန်တာပေါ့ ထမင်းပူလည်းဆွမ်းချက်

တာကျက်လို့လေ"

ကျုပ်က အိပ်ရာကထ မျက်နှာသစ်ပြီးတာနဲ့

အမေဆွမ်းခူးပြီးကျန်တဲ့ ဟင်းအိုးထဲက

ဝက်သားဟင်းနဲ့ ထမင်းကြမ်းစားလိုက်တယ်။

ကျုပ်စားသောက်ပြီးတော့ အမေကလည်းဆွမ်းချိုင့်

အဆင်သင့် ပြင်ပြီးသားဗျ။ကျုပ်လည်း

အဝတ်အစားလဲပြီး ဆွမ်းချိုင့်ဆွဲပြီး ထွက်ခဲ့တာပေါ့ဗျာ။

"ဟဲ့…နွား သြော် ဒီနွားဟာလေ အဖြောင့်ကိုမဆွဲဘူး

ဟဲ့…ဟာ။ဒီ နွားတော့"

ရွာလယ်လမ်းအတိုင်း မောင်းလာတဲ့လှည်းကို

ကျုပ်ကို ရှောင်ပေးလိုက်တယ်။

ကျုပ်တို့ရွာရဲ့ ရွာလယ်လမ်းက အကျယ်ကြီးဗျ။

လှည်းနှစ်စီးတော့ အသာလေးကို ရှောင်နိုင်တာဗျ။

"ဟာ…ဘထွေးတို့ပါလား ဘယ်သွားကြမလို့တုံး"

ဘထွေးဖိုးဆန်းရယ် အရီးမယ်သုံရယ်

အစ်မမယ်ဆင့်ရယ်ဗျ။

"ဟ တာတေ ချိုင့်ကြီးဆွဲလို့ ဘယ်သွားမှာတုံး"

"ဆရာတော့်ကျောင်းကို အမေဆွမ်းချိုင့်ပို့ခိုင်းလို့

ဘထွေးရ ဒါနဲ့ဘထွေးတို့က ဘယ်တုံးဗျ"

"မင်းအစ်မ မယ်ဆင့်ရဲ့ အဖေ သိပ်နေမကောင်းလို့ဆိုလို့

သတင်းမေးကြမလို့ဟေ့"

"သြော် …ရုံးထောင့်ကိုပေါ့"

"အေးလကွာ ရုံးထောင့်သွားမှာမင်းအလည်လိုက်မလား

တာတေ"

"ဟာ  မလိုက်သေးပါဘူး ဘထွေးရ"

"ဟဲ့နွား တည့်တည့်ဆွဲစမ်း "

လှည်းက ဆက်မောင်းသွားတယ်။

အရီးနဲ့အစ်မမယ်ဆင့်ကကျုပ်ကို ပြုံးပြီး

 နှုတ်ဆက်သွားကြတယ်ဗျ။

လှည်းကျော်သွားတော့မှ ကျုပ်က တွေးမိတာ

ဒီလှည်းပေါ်မှ ကိုကြီးဒီပလည်းပါမှာပဲလို့။

ကျုပ်က သိပြီးသားဗျ။ဆရာ့တော်ကျောင်းကို

ရောက်ရင်တော်တော်နဲ့ပြန်ရတာမဟုတ်ဘူးဗျ။

ကျောင်းဝေယျာဝစ္စတွေကို ဆရာတော်က

ခိုင်းတာဗျ။တစ်ခါတစ်လေကျတော့လည်း ဆရာတော်က

အဂ္ဂိရတ်ထိုးတဲ့  ဖိုခန်းထဲမှာခေါ်ပြီး

ဖိုဆွဲခိုင်းနေတာဗျ။ကျုပ်က ဖားဖိုတော့

ကောင်းကောင်းဆွဲတတ်တယ်ဗျို့…

"အဂ္ဂိရတ်ပညာဆိုတာ မီးအဓိကပဲကွ တာတေရ

မင်းနားလည်ရမှာက မီးကြီး မီးလတ် မီးနုံ့

ဒီသုံးမျိုးသိရမှာ မီးကြီးကို ဒဟတေဇောလို့ခေါ်တယ်

မီးနုံ့ကိုတော့ သီတတေဇောလို့ခေါ်တယ်

ပါစကတေဇောလို့လည်း ခေါ်ကြတယ်ကွ

ထမင်းအိုးဆူအောင်ချက်တဲ့ မီးကဒဟမီးပေါ့ တာတေရ"

ဒီနေ့တော့ ဆရာတော်က အဂ္ဂိရတ်ဆရာကြီး

တစ်ယောက်နဲ့အကြိတ်အနယ် ဆွေးနွေးနေကြတာဗျို့။

ကျုပ်က ဆွမ်းပွဲသေသေချာချာ ပြင်ဆင်နေတာဗျ။

ကိုရင်လေးတွေက ကျုပ်ကို ကူပြီးပြင်ပေးကြတယ်။

ဆွမ်းခံကြွတဲ့ ကိုရင်တွေလည်း ခုမှဆွမ်းခံဝင်ရုံ ရှိသေး

တာဗ်။

"ဒကာကြီးရဲ့ ကျောက်နဂါး အသားကိုထု

အရည်ကိုညှစ် လေးတူဖားနဲ့

 နဂါးတစ်ကောင်နှောစီးလေဖောင်သင်္ဘော

ရေကျောရေဖြတ်ကိုလည်း နားလည်စေလို့

အိန္ဒာစရိယဆရာတော်မိန့်ခဲ့တယ် မဟုတ်လား

ကျောက်နဂါးဆိုတာ ကျောက်ဆေးဒန်းကို

ပြောတာလေဗျာ"

"မှန်ပါဘုရား"

"ဖားဆိုတာ ငွေဗျ နဂါးဆိုတာ နာကို ပြောတာဗျ"

"မှန်ပါဘုရား"

"ဟဲ့ တာတေ ဆွမ်းချိုင့်လာပို့တာလား

မင်းလည်း ခုတလော တော်တော်ငြိမ်တယ်နော်

မင်းဆရာကြီးတွေလည်း မရောက်လာတာ ကြာပေါ့ကွဲ့"

"မှန်ပါ့ဘုရား ဆရာကြီးတွေ ရောက်မလာကြတော့

တပည့်တော်လည်း ငြိမ်နေရတာပါဘုရား"

"အေး အေး ဒကာကြီး ဒကာမကြီးရော

 နေကောင်းကြရဲ့လားကွ"

"နေကောင်းကြပါတယ်ဘုရား"

"အေး အေး ဒကာမကြီးက ဘာဆွမ်းဟင်းတွေများ

ချက်ပေးလိုက်တာတုံး တာတေ"

"ဝက်သားဟင်းပါဘုရား"

"အေး အေး သာဓုကွယ် သာဓု သာဓု"

ဆရာတော်ကို ဝပ်ချပြီး ကျုပ်က ချိုင့်လေးဆွဲပြီး

ပြန်လာခဲ့ရောဗျ။ဒီတစ်ခါတော့

ဆရာတော်ဘာမှမခိုင်းဘူးဗျို့။

ဧည့်သည့်ရောက်နေတော့ စကားကောင်းနေတာကိုဗျ။

ကျုပ်လည်း တစ်နေ့လုံး ဘယ်မှမရောက်တော့ပါဘူးဗျာ။

အဘဆီကြိတ်တာကို ကူပြီလုပ်ပေးနေရတာဗျ။

ဆီဆုံစီးပေးလိုက် ပဲကြုံးပေးလိုက်နဲ့

ညနေရောက်တော့ အဘရော ကျုပ်ရော

ပင်ပန်းနေကြတော့တာပေါ့ဗျာ။

ဒါပေမဲ့ ကျုပ်ဒို့ အညာသားနဲ့ အညာနွားက

ပင်ပန်းမှလည်း နေကောင်းကြတာဗျ။

မပင်ပန်းရင် နေလို့ကောင်းတာ မဟုတ်ဘူး။

လူနဲ့နွားဒိုးတူဘောင်ဖက် အလုပ်လုပ်ကြရတာဗျ။

ညရောက်တော့ ကျုပ်ရော အဘတို့ရော

စောစောအိပ်ရာဝင်ကြတာဗျို့။

ကျုပ်က အိပ်ပျော်သွားတာနဲ့ အိပ်မက် မက်တော့တာဗျို့။

"တာတေ တာတေ ညီလေး ။အစ်ကိုကြီးကို

 ကူညီပါဦးကွာ သိုက်ဆရာတွေ ဒုက္ခပေးနေပြီကွ"

လူတစ်ယောက်ဗျ။ ကျုပ်တို့အိမ်ပေါ်ကို ပြေးတက်လာပြီး

ရေးကြီးသုတ်ပြာနဲ့ ကျုပ်ကို ပြောနေတော့တာဗျို့

ကျုပ်ကလည်း သူ့ကို ဘယ်သူမှန်းမသိဘူး

လူကတော့ အသက်သုံးဆယ်ကျော်လောက်ရှိပြီ

ရုပ်ရည်ကလည်း သားသားနားနားနဲ့ဗျ။

အသားကလည်း ဖြူတယ်။မျက်လုံးမျက်ဖန်

ကောင်းကောင်းနဲ့လူချောလူဖြောင့်တစ်ယောက်ပဲဗျ။

"နေပါဦးဗျ နောင်ကြီးက ကျုပ်ကို ရင်းရင်းနှီးနှီး

သိနေပေမယ့် ကျုပ်က နောင်ကြီးကိုမသိတော့

ခက်နေတာဗျ"

"အေး ဟုတ်တယ်တာတေ ကိုကြီးကိုတာတေ

တစ်ခါမှ မမြင်ဖူးဘူး ပြီးတော့ ဘယ်သူမှလည်း

မမြင်ဖူးဘူးလေ"

"ဒါဆို ခင်ဗျားက ဘယ်သူမို့တုံး"

"ကိုကြီးနာမည်က ဒီပပါ ။ဦးဖိုးဆန်းနဲ့ဒေါ်သုံတို့ရဲ့သား

အကြီးဆုံးလေ"

"ဟာ…ကိုကြီးဒီပ ကျုပ်ဖြင့်ဗျာ အခုမှပဲ မြင်ဖူးတော့တယ်

ကိုကြီးကလူချောပဲဗျ။ဒါကြောင့်လည်း အစ်မမဆင့်က

ကိုကြီးကို လက်ထပ်တာကိုး"

"တာတေ မင်းက ငါ့အကြောင်းတွေအားလုံး

သိနေတာလား"

"သိတယ် ကိုကြီး ဒါထက်  အခုကိုကြီးရောက်လာတဲ့ပုံ

ကအရေးတကြီးကိစ္စရှိတဲ့ပုံပဲ။ဘာများကိစ္စရှိလို့တုံး"

"ကိုကြီးရဲ့မိန်းမမယ်ဆင့်ကို သိုက်ဆရာဖမ်းထားလို့ကွ

ညီလေးရ"

"ဗျာ အစ်မမယ်ဆင့်ကို ဖမ်းသွားတာလား ဟင်

ဘယ်ကို ခေါ်သွားကြတုံးဗျ"

"ဘယ်ကိုမှ မခေါ်ဘူးကွ ရုံးထောင့်မှာပဲ ရှိတယ်"

"ဟင်…ဒါကို ရုံးထောင့်ကလူတွေက ကြည့်နေကြသ

လားဗ်"

"မယ်ဆင့်ကို ဖမ်းထားတာကို ဘယ်သူမှ

 သိတာမဟုတ်ဘူးညီလေးရ"

"ရွာထဲဝင်ပြီး လူတစ်ယောက်လုံး ဖမ်းသွားတာတောင်

တစ်ရွာလုံး မသိဘူးဆိုတော့  မခက်ဘူလား

ကိုကြီးဒီပရဲ့"

"ဒီလိုကွ တာတေရ လူကိုဖမ်းတာမဟုတ်ဘူး

ကိုယ်ပွါးကို ဖမ်းထားတာကွ မယ်ဆင့်ကအိပ်ရာမှာ

အိပ်လို့ပဲ"

"ဗျာ…လူတစ်ယောက်ရဲ့ ကိုယ်ပွါးကို ထုတ်ယူပြီးဖမ်းလို့

ရသလားဗျ ။ ကိုကြီးဒီပရဲ့ ။ကျုပ်ဖြင့် တစ်ခါမှကို

မကြားဖူးပါဘူးဗျာ"

"အင်မတန်အစွမ်းထက်တဲ့ သိုက်ဆရာကြီးကွ

တာတေရဲ့။

နာမည်က သာဗိန္ဒေတဲ့ ။သိုက်တွေနောက်ကို လိုက်နေ

တဲ့လူပဲတာတေ ။ကိုကြီးက ဘုရားသိုက်မဟုတ်တဲ့

သိုက်တွေကိုဝင်နိုင်ထွက်နိုင်တဲ့ အစွမ်းရှိတယ်။ဒါကို

 သာဗိန္ဒကသေသေချာချာကိုသိပြီး လိုက်လာတာကွ။

မယ်ဆင့်ကို ဖမ်းထားပြီး ကိုကြီးကို လှမ်းခေါ်နေတာ။

ပြီးတော့ မယ်ဆင့်ကို ခြေမန်းကွင်းစွပ်ခိုင်းမှာကွ။

အဲဒီခြေမန်းကွင်းသာ ကိုကြီးကို စွပ်မိသွားရင်

သူခိုင်းတိုင်းကိုကြီး လုပ်ရတော့မှ တာတေရဲ့။

ကိုကြီးကိုကယ်ပါဦး ညီလေးရယ်"

ကျုပ် လန့်နိုးသွားတယ်ဗျ။

Comments

Popular Posts