လူခြောက်မယား ပထမပိုင်း

လူခြောက်မယား

ပထမပိုင်း

လောကမှာ မယုံနိုင်လောက်အောင်

ဆန်းပြားတဲ့ကိစ္စတွေရှိနေတာ အမှန်ပဲဗျ။

ကျုပ်ကတော့ လူဖြစ်လာကတည်းကပဲ

အဆန်းအပြားတွေနဲ့ကြုံရဖို့ပါလာတယ်နဲ့ တူပါရဲ့ဗျာ။

ကျုပ်ဆရာတော် ပြောသလိုဗျို့။

ကိုယ်ဥာဏ်မမီတာနဲ့ အဆန်းအပြားကိစ္စတွေကို

မဟုတ်ဘူးလို့တော့ ပြောလို့မရဘူးဗျ။

မယုံနိုင်အောင် ဆန်းပြားတဲ့ကိစ္စတွေထဲမှာ

လူခြောက်မွေးတဲ့ကိစ္စလည်း ပါတာပေါ့ဗျာ။

'ကဝေသားခြောက်'ဆိုတဲ့ ဝတ္ထုမှာ လူခြောက်အကြောင်း

ကျုပ်ရေးပြခဲ့ဖူးပါတယ်။ကျုပ် အခုပြောပြမယ့်အကြောင်း

က ကျုပ်တို့ ထနောင်းကုန်းသား ကိုကြီးဒီပရဲ့

 အကြောင်းဗျ။ကိုကြီးဒီပက လူတော့လူပဲ။

ဒါပေမဲ့ ခင်ဗျားတို့ ကျုပ်တို့လို  လူတော့မဟုတ်ဘူး။

သူက လူခြောက်။ကိုကြီးဒီပက အခုဆိုရင်

အသက်သုံးဆယ်ရှိပြီ။အမေတို့ အဘတို့ပြောပြလို့

ကိုကြီးဒီပအကြောင်းကို ကျုပ် အစအဆုံး သိခဲ့ရတာဗျ။

ကိုကြီးဒီပရဲ့ အဖေနဲ့အမေက ကျုပ်ရဲ့အဘနဲ့

ဆွေမျိုးမကင်းကြဘူး။ဘထွေးဖိုးဆန်းနဲ့ အရီးမယ်ယုံဗျ။

ဘထွေးတို့ လင်မယားကို အဘနဲ့ အမေက

 ပေးစားထားတာလို့

ပြောကြတယ်။ အရီးမယ်သုံ သားဦးလေး ကိုယ်ဝန်ရှိပြီး

ကိုးလကျော်တော့ ဗိုက်နာရောတဲ့ဗျ။

ဆောင်းတွင်းကြီးဆိုပဲ။အေးလိုက်တာမှ ခိုက်ခိုက်တုန်နေ

တာတဲ့ဗျို့ မီးလောင်ကုန်းက လက်သည်မကြီးနဲ့

အမေကမီးနေခန်းထဲမှာ မွေးပေးကြတာဆိုပဲ။

ဘထွေးဖိုးဆန်းကအိမ်ရှေ့ကနေ မီးနေစောင့်ရတာပေါ့

ဗျာ။ဗိုက်က ပထမတော့ တော်တောနာတာတဲ့ဗျ။

နောက်တော့ အနာလုံးဝပျောက်သွားရောတဲ့ဗျို့။

ဒီတော့ လက်သည်က ကလေးများ သေသွားလို့လားလို့

တွေးတာတဲ့ဗျ။ဒါပေမဲ့ ကလေးကိုစမ်းတော့

ကလေးက စမ်းလို့ကို မရဘူးဆိုပဲ။

စောစောက စမ်းတုန်းက ကလေးတွေ့ပါတယ်။

အခု ဘယ်ရောက်သွားတာလဲ ဆိုပြီး လက်သည်ကြီးက

စမ်းတာတဲ့ဗျ။ဒါပေမဲ့ စမ်းရင်ကနေ ကလေးက

ပျောက်သွားသလို အရီးမယ်သုံရဲ့ ဗိုက်ကလည်း

ကိုယ်ဝန်ဆောင်ဗိုက်ကနေ တဖြည်းဖြည်းပျောက်ပျောက်

သွားပြီး ချပ်ကျသွားတာတဲ့ဗျို့။

"မယ်သုံရေ…ငါလည်း လက်သည်လုပ်စားလာတာ

အိုပြီး သေတော့မယ်ဟေ့ ဒီဗိုက်မျိုးတော့ ငါတစ်ခါမှ

မတွေ့ဖူးဘူးဟဲ့။ညည်းစိတ်ထဲမှာရော ဗိုက်ထဲမှာ

ကလေးရှိတယ်လို့ ခံစားရသေးလား။ငါစမ်းတာတော့

တွေ့တောင်မတွေ့ဘူး တော်ရေ"

"အရီးမယ်ဆိုးရေ…ကျုပ်စိတ်ထဲမှာတော့

ကျုပ်ကလေးက ကျုပ်ဗိုက်ထဲမှာ ရှိနေတာတော့

မွေးတော့မယ်ထင်တယ်"

လက်သည်မကြီးရဲ့ နာမည်က ဒေါ်မယ်ဆိုးတဲ့ဗျ။

ထနောင်းကုန်း ။ ဘန့်ဘွေးကုန်း ။ မီးလောင်ကုန်းစပြီး

ငွေတွင်းကုန်း။ဆပ်သမြှောင်။ရုံးတောနယ်အဆုံး

လွှတ်နာမည်ကြီးတဲ့ လက်သည်မကြီးဗျ။

"ကဲ ဒါဆိုလည်း နည်းနည်းလောက် ညှစ်ကြည့်စမ်းအေ

ကျုပ်က အပေါ်ကတွန်းပြီး မွေးပေးမယ် ငွေစိန်ညည်းက

ရှေ့ကစောင့်ပြီး ကလေးကောက်ပေါ့အေ"

လို့ အမေ့ကိုပြောရင်း မျက်စိမှိတ်ပြသတဲ့ဗျ။အရီးမယ်သုံ

စိတ်ကျေနပ်အောင် လုပ်ပေးတဲ့သဘောပေါ့ဗျာ။

ဒါပေမဲ့ လက်သည်ကြီးက တခြားကလေးတွေ

မွေးသလိုပဲ သေသေချာချာလုပ်ပေးတာတဲ့ဗျ။

ခဏနေတော့

"မွေးပြီ မွေးပြီ"

လို့ အရီးမယ်သုံက ပြောရင်း မွေးလိုက်ရောတဲ့ဗျ။

ကျုပ်အမေကလည်း ကောက်တာပေါ့ဗျာ

။လက်သည်မကြီးဒေါ်မယ်ဆိုးက အမေ့လက်ထဲက

ကိုင်ထားတာကိုကြည့်ပြီး…

"လက်စသတ်တော့ ဒါကိုး။ ဟား ဟား ဟား ငါမှာတော့

တွန်းလိုက်ရတော့ မယ်သုံရယ် ။ ညည်းသားက

လူခြောက်ကိုးဟဲ့။ ဒါပေမဲ့ ညည်းတို့တော့ ချမ်းသာတော့

မှာအေ့ လူခြောက်များ မိဘကိုအားကြီးစောင့်ရှောက်ကြ

တာ မယ်သုံရဲ့'

အရီးမယ်သုံကတော့ သူမွေးတဲ့သားခြောက်ကလေးကို

ကြည့်ပြီး မျက်ရည်ကျတာပေါ့ဗျာ။

"ငါ့သားက ဝဋ်ကြွေးတယ်လည်းကြီးတာကိုး"

လို့ ပြောသတဲ့ဗျို့။လက်သည်ကြီး ဒေါ်မယ်ဆိုးက

လူခြောက်ကလေးကို သန့်သန့်ရှင်းရှင်းလေး

 လုပ်ကိုင်ပေးပြီးစက္ကူဂျပ်ဘူးလေးတစ်ခုထဲမှာ

ထည့်ပေးခဲ့တယ်ဗျ။ လက်သည်ခ ပေးတာတောင်

 ဒေါ်မယ်ဆိုးကမယူဘူးတဲ့ဗျ။ဘထွေးဖိုးဆန်းကလည်း

စိတ်တော်တော်ညစ်သွားသတဲ့ဗျို့။ရွာထဲမှာတော့

ကလေးအဖတ်မတင်ဘူးလို့ပဲ ပြောရတာပေါ့ဗျာ။

ကလေးမွေးပြီးအရီးမယ်သုံ အိပ်ပျော်သွားတဲ့အချိန်မှာ

အိပ်မက် မက်တယ်ဗျ။

"အမေ…သားက လူပါဗျာ သားကို နို့တိုက်ပါ

သား ဆာနေပြီဗျ"

လို့ ကလေးက ပြောသတဲ့။အရွယ်ကတော့

 ခြောက်လသားကလေးအရွယ်လောက် ရှိတယ်ဆိုပဲ။

"နို့တိုက်တာတော့ ဟုတ်ပါပြီ။သားကလူလက်ညှိုး

 သာသာလေးရှိတာဆိုတော့ အမေကသားကို

 ဘယ်လိုနို့တိုက်ရမှာတုံး"

လို့ အရီးမယ်သုံက ပြောတော့ …

"အမေ့နို့ကို ပန်းကန်လေးနဲ့ ညှစ်ထည့်ပြီး

သားဘေးမှာချထားပေးရင် ရတယ်ဗျ"

အရီးမယ်သုံက အိပ်ရာကနိုးတာနဲ့ ဘထွေးဖိုးဆန်းကို

အကျိုးအကြောင်းပြောပြပြီး ပန်းကန်လေးနဲ့

 နို့ညှစ်ပေးထားလိုက်တယ်။နို့ကတော့ ကုန်မသွားဘူးတဲ့

ဗျ။ဒါပေမဲ့ ညရောက်တော့ သူနို့စို့ရတဲ့ အကြောင်း

ပြောသတဲ့ဗျ။

"ညဘက်ဆိုရင် နို့ကိုပန်းကန်နဲ့ထည့်မထားနဲ့ အမေ

ကျနော် အမေ့နို့ကို စို့လို့ရတယ်"

လို့ ပြောတယ်တဲ့ဗျ။ညရောက်တော့ အရီးမယ်သုံက

အိမ်မက်ထဲမှာ ကလေးကို နို့တိုက်နေတာတဲ့ဗျို့။

အရီးမယ်သုံက ကျုပ်ကို ပြောဖူးတယ်ဗျ။

"နေ့ခင်းဘက်ဆိုရင်တော့ အရီးက ဟိုသွားဒီသွား

အလုပ်တွေ လုပ်နေတာပေါ့ တာတေရယ်။

ညဘက်ဆိုရင်တော့ ကလေးအမေပဲပေါ့။

ကလေးကို နို့တိုက်ပြီး သိပ်နေရတာပါပဲ။

ထမင်းကျွေးရတဲ့ အရွယ်ရောက်တော့လည်း

သူ့ဘေးမှာ စားပွဲခုံလေးနဲ့ ထမင်းနယ်ဖတ်ပြီး

ကျွေးရတယ်ဟဲ့။ တခြားကလေးတွေ

မွေးရသလိုပါပဲဟယ်။ဘေးလူတွေ့ရင်တော့

ငါ့ကို ရူးနေတယ်လို့တောင် ထင်ချင်ထင်မှာပေါ့ဟယ်

အရီးတို့ကလည်း ကလေးပျက်ကျသွားတယ်လို့

ပြောထားတာကိုး။ကလေးအဖတ်မတင်လို့

မယ်သုံတစ်ယောက် ကြောင်တောင်တောင်

ဖြစ်သွားတယ်လို့ပဲ ပြောကြမှာပေါ့လေ။

တကယ်တော့ အရီးမှာ မမြင်ရတဲ့

ကလေးတစ်ယောက် တကယ်ရှိနေတာပါ။

သူ့ကို အရီးတို့ လင်မယားကို ဒီပလို့

နာမည်ပေးလိုက်ကြတယ်"

"အရီး အိပ်မက်ထဲမှာပဲ ကိုကြီးဒီပကို

အမြဲတမ်းတွေ့နေတာပေါ့ ဟုတ်လားအရီး"

"အေး…ဟုတ်တယ် တာတေရဲ့"

"အပြင်မှာရော တစ်ခါမှ မတွေ့ဖူးဘူးလား'

"တစ်ခါတစ်ခါတော့ ငါ့ဘေးက ရိပ်ကနဲ

ဖြတ်သွားတာကို မြင်လိုက်သလို

ဘာလိုတော့ ရှိတယ်။ လူတစ်ယောက်နဲ့

တစ်ယောက် မြင်သလိုတော့ တစ်ခါမှ

မတွေ့ဘူးဘူးဟဲ့။ နို့စို့တဲ့ အရွယ်လေးတုန်းကတော့

ညဆိုရင် ကိုယ့်ရင်ခွင်ထဲမှာနို့စို့ရင်း

ကလေးအိပ်နေတယ် လို့ကို ခဏခဏဖြစ်ဖူးတယ်။

အေးရင်စောင်လေးတောင် ခြုံပေးထားလိုက်သေး

တာဟဲ့"

"ဒါနဲ့ အရီးဘထွေးဖိုးဆန်းက ကိုကြီးဒီပကို

ရှင်ပြုပေးဖူးတယ်ဆို"

"ဟုတ်တယ်လေ တာတေရဲ့ ။နင့်ကိုကြီးဒီပက

ဆယ်နှစ်သားလောက်ရောက်တော့

အိပ်မက်ထဲမှာ သူ့အဖေကိုရော ငါကိုရော

ပြောတယ်။'အဘနဲ့ အမေတို့ ကျုပ်ကို ရှင်ပြုပေးကြတော့။

ကျုပ်ကိုရင်ဝတ်ရမယ့်အရွယ် ရောက်ပြီဗျ'တဲ့ဟေ့။

ဒါနဲ့ ဆရာတော်ကို အကျိုးအကြောင်းလျှောက်တော့

ဆရာတော်က 'ဒါဆိုရင်လည်း နင်ဒို့ဝတ်ပေး

လိုက်ကြပေါ့'

လို့ မိန့်တာနဲ့ နင့်ဘထွေးက မြို့တက်ပြီး

ပရိက္ခရာရှစ်ပါး ဝယ်ရတာပေါ့ဟယ်။ဆရာတော်က

ပရိက္ခရာရှစ်ပါးကို ရှေ့ချပြီး တခြားကလေးတွေ

ကိုရင်ဝတ်သလိုပဲ သင်္ကန်းတောင်းကို

သပိတ်ကလေးပိုက်ပြီး ဖြန့်ထားလိုက်ရောဟေ့။

ညရောက်တော့ သပိတ်ကလေးပိုက်ပြီး

ကိုရင်လေးဖြစ်လို့ 'ဒကာကြီးနဲ့ ဒကာမကြီးတို့

ကိုရင့်ကို ဆွမ်းလောင်းကြ'လို့ ပြောတာနဲ့

အိပ်မက်ထဲမှာ ဆွမ်းလောင်းကြတာပေါ့ဟယ်"

"သြော်…ဟုတ်လား တော်တော်တော့ ထူးဆန်းတာပဲ

အရီးရဲ့"

"ဘန့်ဘွေးကုန်းတို့ မီးလောင်ကုန်းတို့က မလုံးတင်တို့

မပြားကြည်တို့ကလည်း ပြောကြတယ်။

အိပ်မက်ထဲမှာ ကိုရင်လေးတစ်ပါး ဆွမ်းလာခံလို့

ဆွမ်းလောင်းရတယ်လို့ အိပ်မက်မက်ကြလို့တဲ့ဟေ့။

လုံးတင်တို့ ပြားကြည်တို့ စိန်မတို့ဆိုတာ

အရီးဆီကို မကြာမကြာ လာတတ်တဲ့

ကောင်မတွေလေဟာ ။ ဒီတော့ နင့်ကိုကြီးဒီပက

သူတို့ကို သိနေတော့ သူတို့ဆီမှာ ဆွမ်းသွားခံတာ

ဖြစ်မှာပေါ့ တာတေရဲ့"

"အသက်နှစ်ဆယ်ပြည့်တော့ တစ်ခါ ပြောပြန်ရောဟေ့

သူ့ကို ပဉ္စင်းတက်ပေးဆိုလို့ ဆရာတော်ဆီမှာ

လျှောက်တော့ ဆရာတော်က သနားပြီး ပဉ္စင်းတက်ပေး

တယ်။ကျောင်းမှာရှိတဲ့ သံဃာတွေနဲ့ပဲ သိမ်တက်ပေး

တယ်။ဒီတုန်းကလည်း အရီးတို့ ဆွမ်းလောင်းကြရတာပဲ

တာတေရဲ့"

"အရီးကတော့ ကိုကြီးဒီပကို အပြင်မှာမြင်ရင်လည်း

မှတ်မိမှာပေါ့နော်"

"ဟာ …မှတ်မိတာပေါ့ တာတေရဲ့ ညတိုင်းလို

အိပ်မက်ထဲမှာမြင်တွေ့နေရတဲ့ဟာ သူ့အဘရော

 ငါရော သူ့ရုပ်ကိုသိနေတာပေါ့ ။တခြားသားသမီးတွေ

လိုပဲ။ဘာမှမကွာခြားဘူးဟဲ့"

Comments

Popular Posts