" cele တေစ္ဆ "

" cele တေစ္ဆ "

ကြယ်ရောင်မလင်း၍ ခွေးများ မအူကြသော
ညချမ်းတစ်ခု .....
ငှက်ဆိုးအချို့ အချင်းချင်း အတင်းတုတ်နေသည့်
အသံသဲ့သဲ့ကြားရသော်လည်း အိပ်စက်နေသည့်
ရွာငယ်လေးမှာ နိုးမည့်ဟန်မရှိ.... ။

ရွာပြင် သချိုင်္င်း ရှိဇရပ်အိုကြီးမှာတော့....
တစ္ဆေအချို့ မြူးတူးနေကြပြီ ။

ထိုထဲမှ တစ္ဆေမလေးတစ်ချို့ အချင်းချင်း လက်တို့ရင်း
တစ်နေရာကို ၀ိုင်းကြည့်ကာ...

" ဟိုမှာ ဟိုမှာနင်လူ့ဘ၀တုန်းကကြိုက်တဲ့
အဆိုတော် မင်းသားနဲ့တူတဲ့ တစ္ဆေဘဇိုင်း လာနေပြီ "

" ဟယ်... အဇိုင်းတော့... "

" fashion က အမြဲတမ်း သစ်လွင်နေတာပဲနော်..."

" အဲ့ဒါကြောင့် တို့က crush နေရတာပေါ့ "

" ဟယ်...အဖွားကြီးနော်...တို့က ဘဇိုင်းကို
သူ မအောင်မြင်ကတည်းက အားပေးလာတာ... "

အဖွားကြီးဟု အခေါ်ခံရသည့် တစ္ဆေမကြီးမှသူ၏
လက်သည်းမည်းမည်းများဖြင့် ဖွေးဖွေးဖြူနေသည့် ဆံပင်များအား
ပွတ်သပ်သိမ်းလိုက်ရင်း....
" ဟယ်...ကောင်မ ညည်းကများ ကျုပ်ကိုအဖွားကြီးလေးဘာလေးနဲ့
ကျုပ်အသက်က အခုမှ 105နှစ်...ဘဇိုင်းနဲ့ဆို 10နှစ်စွန်းစွန်းလေးပဲ
ကွာတာ...ညည်းကမှ သက်ကြားအို... "

" အံမယ်.....ငါ့များသက်ကြားအိုတဲ့
ငါက လူ့ဘ၀တုန်းက 18နှစ်ဟဲ့ ...
ရွာမှာ ငါ့ကို ပိုးကြပန်းကြတဲ့ ကာလသားတွေမှ တပုံကြီး "

" လူဘ၀တုန်းက 18နှစ်ကိုမပြောနဲ့လေ..ညည်းအဲ့ဒါကြောင့်ပဲ
အသေဆိုးနဲ့သေပြီး အခုလို တစ္ဆေမ ဖြစ်လာတာမို့လာကောင်မ "

ထိုတစ္ဆေမနှစ်ဦးရန်ပွဲအား ဘေးမှအခြား တစ္ဆေမ များက
ဝိုင်းဝန်းမြှောက်ပေးသည့် မေးခွန်းများမေးကြည်ပြန်သည် ။

" ပြောစမ်းပါဦး သူက ဘယ်လို တစ္ဆေမဖြစ်လာတာလည်း"

" အမလေး မပြောချင်ပါဘူး..ပြောကိုမပြောချင်ပါဘူး...
အဲ့ကောင်မကလေ....လူ့ဘ၀က အညာသူမ အသားမဲမ...
ဒါကို အသားဖြူချင်တာနဲ့ အင်တာနက်ကရောင်းတဲ့
တရုတ်အသားဖြူဆေးတွေသောက်ပြီး သေချင်းဆိုးနဲ့သေလာတဲ့
ကောင်မပေါ့... "

" ဟား...ဟား... "

အပြောခံရသူတစ်ဦးမှာ ဒေါသအင်မတန်ထွက်သွားပြီး
မျက်လုံးကြီးများ ပြူကျယ်နီရဲလာကာ အစွယ်ကြီးများဖြဲရင်း
ထဘီစွန်တောင်ဆွဲအနေအထားဖြင့်

" ဟဲ့ အဖွားကြီး ...ရှင်ကမှ မကြီးမငယ်နဲ့
ဖေ့စဘုတ်(Facebook)မှာလေ.. ရှင့်ပုံရှင် အဖက် (effect) မျိုးစုံနဲ့ပြင်တဲ့ပုံတွေတင်...မတ်မတ်လှလား... မှောင်လေးတွေကိုသိပ်ချစ်တာပဲ....
မတ်မတ်ကိုချစ်ပါ ဆိုပြီးစာတွေတင်.....အသက်ကြီးမှ ယွစိန်ထပြီး
ဘုရားပေါ်ဟန်ပြတက်ပြ.... ဓါတ်ပုံတွေရိုက်ပြီး
ဘုရားကို ပေါက်စိန်ပေါက်ဦးချ.... သူတောင်းစာကို လှူရင်တောင်
ဓါတ်ပုံရိုက်ပြီး လှူတဲ့ မိန်းမကြီး.... ၊ နောက်ဆုံး လင်တာရူး...
လင်မရပဲ ငှက်ပျော်တုံးဖက်ပြီးသေသွားတဲ့ ဟာမကြီး "

" အောင်မား နင်ကများ...ငါအရိုးနဲ့ ဖြုတ်ရိုက်လိုက်ရင်
နင့်ရှိသမျှအစွယ် 56ချောင်းလုံးလုံး ကျိုးသွားမယ် ဘာမှတ်လည်း "

" အဖွားကြီး ရှင်လုပ်တိုင်းကျွန်မက ငြိမ်ခံနေရမှာလည်း...
ကျုပ်ကလည်း ရှင့်မျက်နာကို သွေးပုတ်တွေနဲ့ အန်ချပြီးမှ
ရှင်ပါးတွေကို ဘယ်ပြန်ညာပြန်ရိုက်ပစ်လိုက်ရ
အဖွားကြီး ခေါင်း 360 လည်သွားမယ်.... "

တစ်ဖက်မှာတော့...

" ကွီးဇိုင်း ဟိုမှာ ကွီဇိုင်းကို လုရင်း
တစ္ဆေမ စကီလေးတွေ ရန်ဖြစ်နေကြပြီ
တို့ကွီးများ စွံချက်.... "

တစ္ဆေ cele super star ဘဇိုင်းမှာ
လွန်စွာကျေနပ်သဘောကျသွားသယောင်ဖြင့်
သူ၏ပါးစပ်အား မခို့တရို့လေး...
လင်ပန်းတစ်ခုစာပမာဏမျှ ပြုံးပြလိုက်ရင်း....

" အေးကွာ...ငါကလည်း မွေးရာပါအားနည်းချက်က
လူ့ဘ၀တုန်းကဟိုအဆိုတော့မင်းသားနဲ့ သွားတူနေတာခတ်တယ်... "

သွားပြောမိသောတစ္ဆေမှာ သူပြောမိသည်စကား မှားပြီဟု ခံယူလိုက်ဟန်ဖြင့်
အမွှေးမည်းမည်းကြီးများ လက်သည်းချွန်ချွန်ကြီးများပါသည့်
သည့်လက်ဖ၀ါးကြီးဖြင့် ပုတ်လောက်ကြီးသော
သူ့မျက်နာကြီးအား ရိုက်လိုက်မိသည် ။

ထိုစဉ် တစ္ဆေ သတင်းထောက်အဖွဲ့များ အပြေးအလွှားရောက်လာကြပြန်သည် ။

" ဇိုင်းဇိုင်း....ဇိုင်းဇိုင်း...ခဏလေးနေပါဦး
နည်းနည်းလေး အင်တာဗျူးချင်လို့ပါ "

" ဟုတ်ကဲ့ရပါတယ်.. "

" အစ်ကို အခုလို အောင်မြင်နေတာ ဘာကြောင့်များလည်း "

" ကျွန်တော့်ရဲ့အင်မတန် ခန့်ညားတဲ့ ရုပ်ရည်နဲ့
အပုတ်နံ့ဟောင်နေတဲ့ ကိုယ်သင်းနံလေးကြောင့်ပေါ့ဗျာ.... "

" ဗျာ....သြော်...ဟုတ်ဟုတ်... "

" ဒါနဲ့ ဘဇိုင်း ဘဇိုင်းနဲ့ ကောင်မလေးတွေ ပါးစပ်မှာ
ရေပန်းစားနေတဲ့ အပေါ် အစ်ကို ဘယ်လို ခံစားရပါသလည်း "

" အယ်.... ဘယ်လိုပြောရမလဲ ဆိုရင်တော့ဖြင့်ပေါ့ဗျာ...
ကျွန်တော်ပျော်ပါတယ်..."

" ဘဇိုင်းအနေနဲ့ လက်ရှိအချစ်ရေးအခြေအနေကရော... "

" ကျွန်တော်က အမြဲတမ်း single ... ဆင်ကနယ် is the best ပေါ့ဗျာ...
အဲလေ... single လို့ပြောတာပါ "

" ဘဇိုင်း ဒီ တစ္ဆေဘ၀ကို ဘယ်လိုရောက်လာရတာပါလည်း "

" ကျွန်တော်လူ့ဘ၀ကပေါ့နော်...ကောင်မလေးတွေကအခု တစ္ဆေဘ၀လိုပဲ
ဝိုင်းဝိုင်းလည်နေကြတာလေ..ကျွန်တော်လည်း ဘယ်တစ်ယောက်ရွေးရမှန်းမသိရွေးရခတ်နေတုန်းအချိန်..ကျွန်တော့်ကို ရုပ်ရှင်ကားတစ်ခုက ကမ်းလှမ်းလာတယ်လေ... ကျွန်တော်လည်း ပိုအောင်မြင်အောင်
ရုပ်ရှင်ကားကမ်းလှမ်းတာ လက်ခံပြီး ရိုက်ဖြစ်သွားတယ်...
အဲ့မှာဗျာ...ကျွန်တော် သရုပ်ဆောင်ရတဲ့အခန်းက ငိုရမှာ...
ကျွန်တော်ကလည်း ခံစားချက်အပြည့်နဲ့ ငိုတာပေါ့ဗျာ...
ဒါကို ဒါရိုတာကြီးက ဟေ့ယောင် ဘဇိုင်း မင်းကို ငိုခိုင်းတာ မရယ်နဲ့ဆိုပြီး
ပြောတယ်လေ..အဲ့ဒီအခန်းကို ကျွန်တော် အကြိမ်ကြိမ်ရိုက်ခဲ့ရတယ်..
နောက်ဆုံး အဲ့လို ခဏခဏငိုရလွန်းလို့ ကျွန်တော် မျက်ရည်တွေနဲ့
အအေးပတ်ပြီး သေရတာပါပဲဗျာ.... "

" ဒါဆို ဘဇိုင်း နောက်ဆုံးမေးခွန်းအနေနဲ့ ပရိတ်သက်ကြီးကို ဘာများပြောချင်ပါသေးလည်း "

" ဟုတ်ကဲ့ ကျွန်တော် သီချင်းလေးတစ်ပုဒ်နဲ့ နှုတ်ဆက်ချင်ပါတယ်..."

ဘဇိုင်းစကားအဆုံးတွင် သချိ င်္င်း ပတ်ပတ်လည်မှ
တစ္ဆေမလေးများ အားပေးသံများနှင့်
ယခင်က ငြိမ်နေကြသည့် ခွေးကလေးများပါ ထအူကြကာ
အားပေးကြတော့သည် ။

သီချင်းလေးဆုံးသွားသည့်နောက်
ဘဇိုင်း ပရိတ်သတ်အား နှုတ်ဆက်စကားတစ်ခွန်းပြောသွားသည် ။

" ပရိတ်သက်ကြီး ငိုမယ်ဆိုရင်ကျွန်တော့်လို ရယ်တဲ့ပုံပေါက်အောင်
ငိုပါ...ဒါမှ တစ္ဆေဖြစ်ရင်တောင် အခုလို cele ဖြစ်မှာပေါ့..ဟဲဟဲ "

ညချမ်းတစ်ခုမှာ ဘဇိုင်းပရိတ်သက်များ၏အားပေးသံများဖြင့်
ဆူညံသွားချေပြီ.... ၊ ကျွန်တော်သည်လည်း
ထို ဘဇိုင်းတစ္ဆေပရိတ်သက်များထဲမှ တစ်ဦးဖြစ်သည့်အတွက်
ကျွန်တော့် IDol ဘဇိုင်းတစ္ဆေပုံအား အမှတ်တရ အဖြစ် ဓါတ်ပုံရိုက်ကူးခဲ့မိသည် ။

" ချလက်... "

Credit

#မိုးစွေ


Comments

Popular Posts